ကလေးအာဟာရအတွက် ကျောင်းတွေမှာ ငှက်ပျောပင်စိုက်နေရ (ရုပ်/သံ) ဧရာဝတီ၊… — The Irrawaddy - Burmese — TG.ME

ကလေးအာဟာရအတွက် ကျောင်းတွေမှာ ငှက်ပျောပင်စိုက်နေရ (ရုပ်/သံ)

ဧရာဝတီ၊ စက်တင်ဘာ ၂၊ ၂၀၂၆

အာဏာသိမ်းအစိုးရရဲ့ ညွှန်ကြားချက်နဲ့ အခြေခံပညာကျောင်းတွေမှာ ကလေးတွေရဲ့ အဟာရအတွက်ဆိုပြီး ငှက်ပျောပင်တွေ စိုက်ပျိုးနေကြရပါတယ်။

မကွေး၊ ပဲခူး၊ တောင်ငူ၊ ကျောက်ဆည်၊ ပုဂံ နဲ့ မွန်ပြည်နယ်က မော်လမြိုင်၊ ပေါင်၊ သထုံ၊ ရေး၊ ကျိုက်မရော စတဲ့ မြို့နယ်တွေမှာ ငှက်ပျောပင်စိုက်ပျိုးပွဲ အခမ်းအနားတွေ ကျင်းပပြီး ကျောင်းဆရာဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေက စုပေါင်းစိုက်ပျိုးခဲ့ကြရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ နိုင်ငံတော်စီမံချက်တခုလို စိုက်ပျိုးခဲ့တဲ့ ငှက်ပျောပင်တချို့ဟာ တလမပြည့်ခင်မှာပဲ သေကုန်ပြီလို့ ကျောင်းဆရာမတဦးက ဧရာဝတီကိုပြောပါတယ်။ ဒါကြောင့် ငှက်ပျောပင်စိုက်ပြီး အဟာရကျွေးမယ့် အာဏာသိမ်းအစိုးရရဲ့ စီမံချက် လက်တွေ့မှာ အလုပ်ဖြစ်မဖြစ် သံသယဖြစ်စရာဖြစ်လာတယ်လို့ဆိုပါတယ်။

https://youtu.be/g79zNkcRkDk
#မြန်မာ #ဧရာဝတီ #ငှက်ပျောပင် #အဟာရ #စာသင်ကျောင်း #အခြေခံပညာကျောင်း #WhatsHappeningInMyanmar
YouTube
ကလေးအာဟာရအတွက် ကျောင်းတွေမှာ ငှက်ပျောပင်စိုက်နေရ (ရုပ်/သံ)
အာဏာသိမ်းအစိုးရရဲ့ ညွှန်ကြားချက်နဲ့ အခြေခံပညာကျောင်းတွေမှာ ကလေးတွေရဲ့ အဟာရအတွက်ဆိုပြီး ငှက်ပျောပင်တွေ စိုက်ပျိုးနေကြရပါတယ်။ မကွေး၊ ပဲခူး၊ တောင်ငူ၊ ကျောက်ဆည်၊ ပုဂံ နဲ့ မွန်ပြည်နယ်က မော်လမြိုင်၊ ပေါင်၊ သထုံ၊ ရေး၊ ကျိုက်မရော စတဲ့ မြို့နယ်တွေမှာ ငှက်ပျောပင်စိုက်ပျိုးပွဲ…
😁45❤6👎3
September 2, 2026 3.2K 4