တပ်မိသားစုတွေကို အန္တရာယ်ဇုန်ထဲ ဘာကြောင့်ထည့်လိုက်သလဲ (ရုပ်/သံ)… — The Irrawaddy - Burmese — TG.ME

တပ်မိသားစုတွေကို အန္တရာယ်ဇုန်ထဲ ဘာကြောင့်ထည့်လိုက်သလဲ (ရုပ်/သံ)

ဧရာဝတီ၊ စက်တင်ဘာ ၃၊ ၂၀၂၆

အာဏာသိမ်းစစ်တပ်ဟာ မန္တလေးမြို့ကနေ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အထိ ဧရာဝတီမြစ်ကြောင်းကို အသုံးပြုပြီး စစ်သည်၊ လက်နက်နဲ့ ခဲယမ်းတွေကို နှစ်စဉ် မြစ်ရေတက်ချိန်ကာလတွေမှာ ပို့ဆောင်လေ့ရှိပါတယ်။

ဒီနှစ် ဧရာဝတီမြစ်ကြောင်း စစ်ရေးထောက်ပံ့ရေးခရီးစဉ်မှာတော့ အာဏာသိမ်းစစ်တပ်ဘက်က တပ်မိသားစုဝင်တွေကိုပါ ရေယာဉ်တွေပေါ်ထည့်သွင်းပို့ဆောင်ခဲ့တာကြောင့် စစ်တပ်ရဲ့ ရေယာဉ်တန်းကို တိုက်ခိုက်ရာမှာ မြေပြင်တပ်ဖွဲ့တွေအနေနဲ့ အဟန့်အတားတွေ ကြုံတွေ့ခဲ့ရတယ်လို့မြေပြင်တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်တပ်အနေနဲ့ တပ်အပြောင်းအရွှေ့ပြုလုပ်ရာမှာ တပ်မိသားစုဝင်တွေကိုပါ ခေါ်ဆောင်သွားလေ့ရှိပေမယ့် အခုလို တိုက်ပွဲဖြစ်ပွားနေပြီး အန္တရာယ်များတဲ့ မြစ်ကြောင်းခရီးမှာ တပ်မိသားစုဝင်တွေကိုပါ တပါတည်း ခေါ်ဆောင်လာတာဟာ အန္တရာယ်ရှိတဲ့ အခြေအနေထဲကို အတင်းအကျပ် တွန်းပို့တာဖြစ်တယ်လို့ စစ်တပ်ကနေ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ထားသူတွေက ပြောပါတယ်။

https://youtu.be/8i1PjwNsHG4
#မြန်မာ #ဧရာဝတီ #စစ်တပ် #ဗန်းမော် #ကချင် #WhatsHappensInMyanmar
YouTube
တပ်မိသားစုတွေကို အန္တရာယ်ဇုန်ထဲ ဘာကြောင့်ထည့်လိုက်သလဲ (ရုပ်/သံ)
အာဏာသိမ်းစစ်တပ်ဟာ မန္တလေးမြို့ကနေ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အထိ ဧရာဝတီမြစ်ကြောင်းကို အသုံးပြုပြီး စစ်သည်၊ လက်နက်နဲ့ ခဲယမ်းတွေကို နှစ်စဉ် မြစ်ရေတက်ချိန်ကာလတွေမှာ ပို့ဆောင်လေ့ရှိပါတယ်။ ဒီနှစ် ဧရာဝတီမြစ်ကြောင်း စစ်ရေးထောက်ပံ့ရေးခရီးစဉ်မှာတော့ အာဏာသိမ်းစစ်တပ်ဘက်က…
👍17❤4👎1😭1
September 3, 2026 2.1K 4