KIA ပစ်ခတ်လို့ စစ်သင်္ဘောငါးစီး မီးလောင်ပျက်စီး
အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတွေ ရွှေကူမြို့အနီးမှာ ထပ်မံတိုက်ခိုက်ခံရပြီး တစီးနစ်မြုပ်ကာ အနည်းဆုံး ၄ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ မြေပြင်သတင်းအရင်းမြစ်တွေက ဧရာဝတီကိုပြောပါတယ်။
စက်တင်ဘာလ ၂ ရက် ဒီကနေ့ မနက်မှာ ဗန်းမော်ကို ဦးတည်ဆန်တက်နေတဲ့ စစ်သင်္ဘောတွေကို ဇင်းဘုံနဲ့ စင်းခန်းကျေးရွာ အနီးမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၁ စီးနစ်မြုပ်ကာ ၄ စီး မီးလောင်ပျက်စီးခဲ့သလို အဲ့ထဲက ၂ စီးဟာ ကမ်းကပ်ခဲ့ရပြီး အာဏာသိမ်း စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တချို့ လက်နက်ချခဲ့ကြတယ်လို့ ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #KIA #စစ်သင်္ဘော #ရွှေကူ #စင်းခန်း #ဇင်းဘုံ #WhatsHappeningInMyanmar
35September 2, 2026 1.7K 1