အာဏာသိမ်းအစိုးရကို တရားဝင်မှု မပေးဖို့ UK ရောက် မြန်မာများ… — The Irrawaddy - Burmese — TG.ME

အာဏာသိမ်းအစိုးရကို တရားဝင်မှု မပေးဖို့ UK ရောက် မြန်မာများ ထိုင်းသံရုံးရှေ့ ဆန္ဒပြ

ဧရာဝတီ၊ စက်တင်ဘာ၂၊ ၂၀၂၆

အာဏာသိမ်းအစိုးရကို တရားဝင်မှု မပေးရန်၊ ဒုက္ခသည်များအား အဓမ္မပြန်မပို့ရန် UK ရောက်မြန်မာများက ယနေ့နေ့လယ် ၁၂နာရီတွင် လန်ဒန်မြို့ ထိုင်းသံရုံးရှေ့၌ ဆန္ဒပြခဲ့ပြီး ထိုင်းဝန်ကြီးချုပ်ထံသို့ အိတ်ဖွင့်ပေးစာတစောင် စုပေါင်းလက်မှတ်ရေးထိုး ပေးပို့ခဲ့သည်။

တောင်းဆိုစာတွင် ထိုင်းနိုင်ငံ၏ ဆယ်စုနှစ်များစွာ ပံ့ပိုးပေးခဲ့သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အတွက် ကျေးဇူးတင်ကြောင်း၊ အာဏာသိမ်းပြီး အရပ်သားများအပေါ် ပြစ်မှုကျူးလွန်နေသည့် မင်းအောင်လှိုင်နှင့် လတ်တလော ထိတွေ့ဆက်ဆံမှုအပေါ် စိုးရိမ်ပူပန်ကြောင်း၊ ထိုင်းဝန်ကြီးချုပ်ရုံး၏ ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ စည်းမျဉ်းသစ်ကြောင့် ကြုံတွေ့ရနိုင်သောအန္တရာယ်နှင့် မြန်မာနိုင်ငံသားများ ပြန်လည်ပို့ဆောင်ခံရပါက ဖိနှိပ်ချုပ်ချယ်မှု၊ မတရားဖမ်းဆီးထိန်းသိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှု သို့မဟုတ် အဓမ္မစစ်သားစုဆောင်းခံရမှုတို့နှင့် ရင်ဆိုင်ရနိုင်ကြောင်း သတိပေးထားသည်။

အိတ်ဖွင့်ပေးစာတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) တို့နှင့် ထိတွေ့ဆက်ဆံရန်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထောက်ခံရန်လည်း တိုက်တွန်းထားသည်။

ပြည်ပရောက် ဒီမိုကရေစီအင်အားစုများက ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျ၊ ကိုရီးယား၊ ဂျပန်နိုင်ငံတို့ရှိ ထိုင်းသံရုံးများရှေ့ ယနေ့ တပြိုင်နက်တည်း ဆန္ဒထုတ်ဖော်၍ တောင်းဆိုစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤26😁2
September 2, 2026 1.8K 1