သမိုင်းဝင် ပုဂံခေတ်ဦးကျေးရွာတွေကို စစ်တပ် မီးရှို့ဖျက်ဆီးနေ
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နယ်မြေအနီးက သမိုင်းဝင် ပုဂံ ခေတ်ဦးကျေးရွာထဲပါဝင်တဲ့ စဉ့်ကူတိုက်နယ်တဝိုက် ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးနေ တယ်လို့ ဒေသခံတွေက ဧရာဝတီကို ပြောပါတယ်။
စဉ့်ကူတိုက်နယ်အတွင်း ကျေးရွာက နေအိမ်တွေကို ဩဂုတ်လ ၂၄ ရက်နေ့ကစပြီး ဒီကနေ့ စက်တင်ဘာ ၁ ရက် နေ့အထိ အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးနေတာဖြစ်ပြီး စဉ့်ကူရဲစခန်းကနေလည်း အနီးအနား ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #ပုဂံ #သမိုင်းဝင် #စဉ့်ကူး #ကျေးရွာ #ညောင်ဦး #မန္တလေး #WhatsHappeningInMyanmar
28
10
2
1
1September 2, 2026 2.6K 5