နိုင်ငံ ၆၀ ကို ထိုင်း ဗီဇာကင်းလွတ်ခွင့် ၁ လ လျှော့ချ
ဧရာဝတီ၊ စက်တင်ဘာ ၁၊ ၂၀၂၆
ထိုင်းနိုင်ငံသို့ ဗီဇာကင်းလွတ်ခွင့် (Free Visa) ဖြင့် ဝင်ရောက်လာသူများအား ယခင် ရက် ၆၀ နေထိုင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်ကာ ရက် ၃၀ သာ နေထိုင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း ယမန်နေ့တွင် အတည်ပြုကြေညာခဲ့ကြောင်း Khaosod သတင်းက ဖော်ပြသည်။
ထိုစည်းမျဉ်းသစ်သည် စက်တင်ဘာ ၁၅ ရက်တွင် စတင် အသက်ဝင်မည်ဖြစ်ပြီး ထိုနေ့ရက်မတိုင်မီ ဝင်ရောက်လာ သူများမှာ ယခင်စည်းမျဉ်းအတိုင်း နေထိုင်ခွင့်ရမည်ဖြစ်သည်။
ဗီဇာကင်းလွတ်ခွင့် လျှော့ချလိုက်သည့် နိုင်ငံများမှာ ဩစတြေးလျ၊ ဩစတြီးယား၊ ဘာရန်း၊ ဘယ်လ်ဂျီယံ၊ ဘူတန်၊ ဘူဂေးရီး ယား၊ ဘရူနိုင်း၊ ကနေဒါ၊ ခရိုအေးရှား၊ ဆိုက်ပရပ်စ်၊ ချက်၊ ဒိန်းမတ်၊ အက်စတိုနီးယား၊ ဖီဂျီ၊ ဖင်လန်၊ ပြင်သစ်၊ ဂျော်ဂျီ ယာ၊ ဂျာမနီ၊ ဂရိ၊ ဟန်ဂေရီ၊ အိုက်စလန်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ အိုင်ယာလန်၊ အစ္စရေး၊ အီတလီ၊ ဂျပန်၊ ဂျော်ဒန်၊ ကူဝိတ်၊ ကာဂျစ်စတန်၊ လစ်ချ်တင်စတိန်း၊ လစ်သူယေးနီးယား၊ လူဇင်ဘတ်၊ မော်တာ၊ မလေးရှား၊ မော်ဒိုက်၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေ၊ အိုမန်၊ ဖိလစ်ပိုင်၊ ပိုလန်၊ ပေါ်တူဂီ၊ ကာတာ၊ ရိုမေးနီးယား၊ ဆော်ဒီအာရေဗျ၊ စင်ကာပူ၊ ဆလိုဗေးနီးယား၊ တောင်အာဖရိက၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ထိုင်ဝမ်၊ တူရကီ၊ ယူကရိန်း၊ UAE၊ UK၊ အမေရိကန် စသည့် နိုင်ငံတို့ ဖြစ်သည်။
ဆေးရှဲလ်၊ မောရစ်ရှ နိုင်ငံသားများမှာမူ ဗီဇာကင်းလွတ်နေထိုင်ခွင့် အများဆုံး ၁၅ ရက်အထိသာ ရရှိတော့မည်ဖြစ်ကြောင်းလည်း ဆိုထားသည်။
မြန်မာနိုင်ငံသားများအတွက်မူ ဗီဇာကင်းလွတ်နေထိုင်ခွင့်ကို ၁၄ ရက်အထိသာ ခွင့်ပြုထားသည်။
11
2
1
1
1September 1, 2026 1.4K 4