ဗလာဒီမာ ပူတင် ဘယ်လို လူစားလဲ ဧရာဝတီ၊ စက်တင်ဘာ ၁၊ ၂၀၂၆ ပူတင်ဟာ သမ္မတ… — The Irrawaddy - Burmese — TG.ME

ဗလာဒီမာ ပူတင် ဘယ်လို လူစားလဲ

ဧရာဝတီ၊ စက်တင်ဘာ ၁၊ ၂၀၂၆

ပူတင်ဟာ သမ္မတ သက်တမ်းအတွင်း ၂၁ ရာစုရဲ့ လွှမ်းမိုးမှု အရှိဆုံး ခေါင်းဆောင်တွေထဲက တယောက်အဖြစ် ရုရှား နိုင်ငံကို ခေါင်းဆောင်နေတာ ဖြစ်ပါတယ်။

သူဟာ အတိုက်အခံတွေကိုလည်း ချေမှုန်းခဲ့ပါတယ်။ ဗဟိုက ထိန်းချုပ်တဲ့ စနစ်ကို ပြန်လည် ကျင့်သုံးခဲ့ပြီး မီဒီယာနဲ့ အင်တာနက် ကိုလည်း တင်းကျပ်ထားပါတယ်။

အခုချိန်မှာတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့တဲ့ ယူကရိန်း စစ်ပွဲကြောင့် ရုရှားရဲ့ ဂုဏ်သိက္ခာ ထိခိုက် ကျဆင်းနေမှုနဲ့ အတူ ပူတင်ရဲ့ အာဏာ ပါဝါဟာလည်း မေးခွန်း ထုတ်ခံလာနေရပြီ ဖြစ်ပါတယ်။

ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲပြီးစ ရုရှား နိုင်ငံကို ကမ္ဘာ့ စူပါပါဝါ နိုင်ငံကြီး အဖြစ် ပြန်လည် ဦးမော့စေခဲ့တဲ့ ပူတင် အနေနဲ့ ဒီတကြိမ်မှာရော အကောင်းဘက်ကို ပြန်လည် ဦးတည်စေနိုင်မလား ဆိုတာကိုလည်း စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ။
👎22😁8❤6👍2😭1
September 1, 2026 1.8K 4