နီပေါရေဘေး တရုတ်မှာ တာဝန်ရှိခဲ့သလား (ရုပ်/သံ)
ဧရာဝတီ၊ စက်တင်ဘာ ၁၊ ၂၀၂၆
နီပေါနိုင်ငံမှာ ရုတ်တရတ် ဖြစ်ပွားခဲ့တဲ့ ရေဘေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က နီပေါကို လိုအပ်တဲ့ သတင်းအချက် အလက်တွေ ကြိုတင်မျှဝေခဲ့တာနဲ့ ရှိ၊ မရှိ နှစ်နိုင်ငံကြား အငြင်းပွားမှုတွေ ထွက်ပေါ်နေတဲ့အပေါ် နိုင်ငံတကာသတင်းတွေက ရေးသားဖော်ပြနေကြပါတယ်။
နီပေါနိုင်ငံမှာ ဩဂုတ်လ ၂၆ ရက်နေ့ ရေကြီး၊ မြေပြိုမှုဘေး မဖြစ်ပွားခင် သုံးလအလို မေလ ၂၇ ရက်နေ့က နီပေါနဲ့ တရုတ်တာဝန်ရှိသူတွေဟာ ရေခဲမြစ်နဲ့ ရေကြီး၊ မြေပြိုမှုအန္တရာယ်တွေကို စောင့်ကြည့်ရေးနဲ့ သတင်းအချက်အလက်မျှဝေရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။
ဒါပေမဲ့ အစည်းအဝေးအပြီးမှာ တရုတ်ဘက်ကနေ ရေခဲမြစ်အခြေအနေ၊ ရေအမြင့်၊ နှင်းပြိုမှုနဲ့ မြေပြိုမှုဆိုင်ရာ လိုအပ်တဲ့အချက်အလက်တွေ မရခဲ့ဘူးလို့ နီပေါအရာရှိနှစ်ဦးက Reuters ကို ပြောပါတယ်။ တရုတ်ဘက်ကတော့ ဩဂုတ် ၂၉ ရက် ထုတ်ပြန်ချက်မှာ ဂြိုဟ်တုနဲ့ ရေဗေဒဆိုင်ရာဒေတာတွေအပြင် ရေကန်တားဆီးပိတ်ဆို့မှုနဲ့ပတ်သက်တဲ့ ကြိုတင်သတိပေးချက်တွေကို နီပေါဘက်ကို မျှဝေပေးခဲ့တယ်လို့ တုံ့ပြန်ထားပါတယ်။
https://youtu.be/6PI4nsac06k
#ဧရာဝတီ #နီပေါ #ရေဘေး #တရုတ် #တိဘက်
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
YouTube
နီပေါရေဘေး တရုတ်မှာ တာဝန်ရှိခဲ့သလား (ရုပ်/သံ)
နီပေါနိုင်ငံမှာ ရုတ်တရတ် ဖြစ်ပွားခဲ့တဲ့ ရေဘေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က နီပေါကို လိုအပ်တဲ့ သတင်းအချက် အလက်တွေ ကြိုတင်မျှဝေခဲ့တာနဲ့ ရှိ၊ မရှိ နှစ်နိုင်ငံကြား အငြင်းပွားမှုတွေ ထွက်ပေါ်နေတဲ့အပေါ် နိုင်ငံတကာသတင်းတွေက ရေးသားဖော်ပြနေကြပါတယ်။
နီပေါနိုင်ငံမှာ…

11
7September 1, 2026 947 3