ရွှေကူတိုက်ပွဲမှာ စစ်တပ် အထိအခိုက်များပြီး ထောက်ပို့သင်္ဘော ဆုံးရှုံး… — The Irrawaddy - Burmese — TG.ME

ရွှေကူတိုက်ပွဲမှာ စစ်တပ် အထိအခိုက်များပြီး ထောက်ပို့သင်္ဘော ဆုံးရှုံး (ရုပ်/သံ)

ဧရာဝတီ၊ ဩဂုတ် ၃၁၊ ၂၀၂၆

ပိုက်ကွန်နဲ့ သံဇကာတွေအုပ်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ တွဲတွန်းသင်္ဘောတိုက်ခိုက်ခံရမှုမှာ စစ်တပ်ဘက်က ထိခိုက်ဆုံးရှုံးမှုများခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဧရာဝတီကို ပြောပါတယ်။

ဩဂုတ်လ ၂၈ ရက်နေ့က ရွှေကူမြို့အနီးမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ FVP ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အာဏာသိမ်း စစ်တပ်ရဲ့ သင်္ဘောအုပ်စုထဲက တွဲတွန်း သင်္ဘောတစီးဟာ သင်္ဘောဝမ်းပိုင်းပျက်စီးပြီး ဆက်လက် မောင်းနှင်နိုင်ခြင်းမရှိတော့ဘဲ ဘိုကုန်းကျေးရွာအနီးမှာ ရပ်တန့်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ တွဲတွန်းသင်္ဘောကို တိုက်ခိုက်နိုင်ခဲ့တဲ့အပြင် ဩဂုတ်လ ၃၀ ရက်နေ့မှာလည်း ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာက စစ်တပ်ခြေကုပ်စခန်းတွေကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဧရာဝတီကို ပြောပါတယ်။

https://youtu.be/WaZLziSHGhc

#မြန်မာ #ဧရာဝတီ #KIA #ရွှေကူ #သင်္ဘော #FVP #ဒရုန်း #WhatsHappeningInMyanmar

ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/@irrawaddynews1993 Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
YouTube
ရွှေကူတိုက်ပွဲမှာ စစ်တပ် အထိအခိုက်များပြီး ထောက်ပို့သင်္ဘော ဆုံးရှုံး (ရုပ်/သံ)
ပိုက်ကွန်နဲ့ သံဇကာတွေအုပ်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ တွဲတွန်းသင်္ဘောတိုက်ခိုက်ခံရမှုမှာ စစ်တပ်ဘက်က ထိခိုက်ဆုံးရှုံးမှုများခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဧရာဝတီကို ပြောပါတယ်။ ဩဂုတ်လ ၂၈ ရက်နေ့က ရွှေကူမြို့အနီးမှာ ကချ…
❤35👍12😁5
August 31, 2026 3K 2