နီပေါ ရေဘေးကြောင့် သေဆုံးသွားသူ ရုပ်အလောင်းများကို စုပေါင်းမြှုပ်နှံ… — The Irrawaddy - Burmese — TG.ME

နီပေါ ရေဘေးကြောင့် သေဆုံးသွားသူ ရုပ်အလောင်းများကို စုပေါင်းမြှုပ်နှံ

နီပေါနိုင်ငံရဲ့ တောင်ကြားတွေကို အင်မတန်ပြင်းထန်တဲ့ ရေဘေးကြီး ရိုက်ခတ်သွားခဲ့တာ အခုဆိုရင် ၅ ရက်တောင် ရှိသွားပါပြီ။ အဝေးကြီးကနေ ရောက်လာကြတဲ့ မိသားစုဝင်တွေဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အလောင်းပေါင်း ရာနဲ့ချီကြားထဲမှာ သူတို့ရဲ့ ချစ်ခင်ရသူတွေကို ခွဲခြားသိနိုင်ဖို့ အသည်းအသန် ကြိုးစားရှာဖွေနေကြရပါတယ်။

မြစ်အောက်ပိုင်းက ဘာရတ်ပူရ်မြို့မှာရှိတဲ့ ခန်းမတစ်ခုထဲမှာတော့ ဆွေမျိုးတော်စပ်သူတွေဟာ ရှာတွေ့ထားတဲ့ အလောင်းတွေရဲ့ ဓာတ်ပုံတွေကို တီဗီဖန်သားပြင်ပေါ်မှာ တိတ်ဆိတ်စွာနဲ့ပဲ စိုက်ကြည့်နေကြပါတယ်။ ဘေးခန်းမမှာ ပြုလုပ်ထားတဲ့ ယာယီရင်ခွဲရုံမှာတော့ အလောင်းပေါင်း ၂၇၀ လောက်ကို ထိန်းသိမ်းထားပေမဲ့ အများစုကတော့ ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားလို့ မရသေးပါဘူး။
😭37❤2👍2😁1🤔1
August 31, 2026 2.7K 5