စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယခုနှစ်အစောပိုင်းတွင် မိမိကိုယ်ကို… — The Irrawaddy - Burmese — TG.ME

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယခုနှစ်အစောပိုင်းတွင် မိမိကိုယ်ကို မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ခန့်အပ်ခဲ့ပြီးနောက် ပြည်ပခရီးစဉ်များ သွားရောက်ရာတွင် စီးပွားရေးလုပ်ငန်းရှင်ကြီးများ အမြောက်အမြားကို ခေါ်ဆောင်သွားလေ့ရှိသည်။

မေလမှစ၍ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှားနှင့် ဘီလာရုစ်နိုင်ငံတို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်များသည် ခရိုနီများအတွက် စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးရန် လုံလောက်သော အခွင့်အရေးများ ဖြစ်ခဲ့သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်၏ တရားဝင် ခရီးစဉ်များနှင့်အတူ ပူးတွဲကျင်းပသည့် စီးပွားရေးဖိုရမ်များတွင် အဆိုပါခရိုနီများ စုဝေးလေ့ရှိကြပြီး မင်းအောင်လှိုင်က ရင်းနှီးမြှုပ်နှံသူများကို ပါဝါပွိုင့် (PowerPoint) ဖြင့် စည်းရုံးဆွဲဆောင်လေ့ရှိသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/article/2026/08/31/415902.html
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
ဧရာဝတီ
မင်းအောင်လှိုင်၏ ပြည်ပခရီးစဉ်များ နောက်ကွယ်မှ ခရိုနီများ
အာဏာသိမ်းစစ်ခေါင်းဆောင်၏ တရားဝင် ခရီးစဉ်များနှင့်အတူ ပူးတွဲကျင်းပသည့် စီးပွားရေးဖိုရမ်များတွင် အဆိုပါခရိုနီများ စုဝေးလေ့ရှိကြသည်။
👎29❤4🤔1
August 31, 2026 3K 4