ရန်ကုန်မှာ လူငယ်တွေ ဆက်တိုက်ပျောက်ဆုံးနေ
စက်တင်ဘာ ၁၊ ၂၀၂၆
ရန်ကုန်မှာ အခုရက်ပိုင်းအတွင်း လူငယ်တွေ ဆက်တိုက်ပျောက်ဆုံးနေပြီး မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဖူဆယ်လိဂ်မှာ ကစားနေတဲ့ ကစားသမား ၂ ဦး အပါအဝင် ဩဂုတ်လ တလထဲမှာပဲ လူငယ် ၁၂ ဦး ပျောက်ဆုံး နေပါတယ်။
လူပျောက်ရှာဖွေတဲ့ ဂရုတွေထဲမှာ တင်ထားတဲ့ ပိုစ့်တွေအရ အရှေ့ဒဂုံ၊ တာမွေ၊ လှိုင်သာယာ၊ သာကေတ၊ ရွှေပြည်သာ၊ ထောက်ကြန့် နဲ့ ထန်းတပင် မြို့နယ်တွေမှာ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေ ဖော်ပြထားကြပါတယ်။
ဖူဆယ်လိဂ် မှာ ကစားနေတဲ့ Gold Dream FC အသင်းက အသက် ၁၈ နှစ်အရွယ် စွမ်းထက်ကျော် နဲ့ အသက် ၂၁ နှစ်အရွယ် သီဟထက်အောင်တို့ဟာ ဩဂုတ်လ ၁၉ ရက်နေ့က သုဝဏ္ဏကစားကွင်းကအပြန်မှာ ပျောက်ဆုံးခဲ့ပြီး ဒီနေ့ထိ ပြန်ရှာမတွေ့သေးဘူး လို့ အသင်းတာဝန်ရှိသူက ဧရာဝတီကို ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #ရန်ကုန် #မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် #ဖူဆယ်လိဂ် #လူငယ် #လူပျောက် #GoldDreamFC #WhatsHappeningInMyanmar
7
2
2
2September 1, 2026 859 6