နတ်ကတော် အများစုမှာ LGBTQ များ သို့မဟုတ် လိင်အပြောင်းအလဲ ပြုလုပ်ထားသူများ ဖြစ်ကြပြီး၊ ၎င်းတို့ ပူးကပ်သည်ဟု ဆိုကြသော တန်ခိုးကြီး နတ်မင်းများကို လူပေါင်း သောင်းများစွာက လာရောက် ပူဇော်ကန်တော့ကြသည့် တောင်ပြုန်းပွဲတော်တွင် ၎င်းတို့က ဗဟိုချက်အဖြစ် ပါဝင်နေကြသည်။
ဤဒေသကို စစ်ပွဲနယ်မြေအဖြစ် သတ်မှတ်ထားဆဲဖြစ်သည့် စစ်တပ်လိုလားသော ပြည်သူ့စစ်များ၏ စောင့်ကြည့်မှုအောက်တွင် လက်ဝတ်ရတနာ ရွှေထည်များ ဆင်မြန်းထားပြီး မိတ်ကပ်များဖြင့် တောက်ပနေသည့် နတ်ကတော်များသည် ကကြိုးတန်ဆာများဖြင့် ကပြပူဇော်ကြသည်။
အရက်သေစာ သောက်စားထားသည့် လူအုပ်ကြီးက အော်ဟစ်အားပေးကြပြီး နှင်းဆီပန်းများဖြင့် ပစ်ပေါက်ကာ၊ နတ်ပူးနေချိန်တွင် နတ်ကတော်များ၏ အဝတ်အစားများထဲသို့ ငွေစက္ကူအထပ်လိုက် ထည့်ပေးခြင်းနှင့် နှုတ်ခမ်းနီဆိုးထားသည့် နှုတ်ခမ်းများကြားသို့ ဆေးလိပ်မီးညှိပေးခြင်းများ ပြုလုပ်ကြသည်။
“နတ်မင်းတွေ ပူးကပ်လာရင် ကျနော့်ရင်ထဲမှာ အထူးပဲ အေးချမ်းတည်ငြိမ်သွားတယ်” ဟု ရွှေမိုးသက်ကျော်ကျော်က ပြောသည်။ “အဲဒီအချိန်ကျရင် အရာရာဟာ အလွန်ပဲ ချောမွေ့သွားပါတယ်။”
Website တွင် ဆက်လက်ဖတ်ရှုပါ - https://burma.irrawaddy.com/article/2026/09/01/415928.html

ဧရာဝတီ
စစ်ပွဲကြား စိတ်ထွက်ပေါက်ရှာပေးနိုင်သော နတ်ကတော်များ
“နတ်မင်းတွေ ပူးကပ်လာရင် ကျနော့်ရင်ထဲမှာ အထူးပဲ အေးချမ်းတည်ငြိမ်သွားတယ်” ဟု ရွှေမိုးသက်ကျော်ကျော်က ပြောသည်။ “အဲဒီအချိန်ကျရင် အရာရာဟာ အလွန်ပဲ ချောမွေ့သွားပါတယ်။”
24
2
1
1September 1, 2026 1.6K 5