ကရင်နီတော်လှန်ရေးခေါင်းဆောင်တဦးဖြစ်သူ ဦးအောင်ဆန်းမြင့် ကွယ်လွန်… — The Irrawaddy - Burmese — TG.ME

ကရင်နီတော်လှန်ရေးခေါင်းဆောင်တဦးဖြစ်သူ ဦးအောင်ဆန်းမြင့် ကွယ်လွန်

ဧရာဝတီ၊ ဩဂုတ် ၃၀၊ ၂၀၂၆

ကရင်နီအမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဦးဆောင်လုပ်ကိုင်ခဲ့သူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အထွေထွေ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့် (၆၃ နှစ်) သည် ယနေ့ ညနေ ၃ နာရီခန့်တွင် ထိုင်းနိုင်ငံ၌ ကွယ်လွန်သွားကြောင်း နီးစပ်သူများက အတည်ပြုပြောကြားသည်။

ကရင်နီတော်လှန်ရေးတွင် အစဉ်တစိုက်ပါဝင်ခဲ့သူ ဦးအောင်ဆန်းမြင့်သည် နွေဦးတော်လှန်ရေးဦးဆောင်ကောင်စီဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) တွင်လည်း အတွင်းရေးမှူးအဖွဲ့ဝင်တဦးအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။

KNPP ၏ နိုင်ငံရေးဆိုင်ရာ မူဝါဒ၊ သဘောထားများကို ရှေ့ထွက်ပြောဆိုရသူ ဦးအောင်ဆန်းမြင့်သည်၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းအပြီးတွင် ကရင်နီ (ကယား) ပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးသမား၊ အရပ်ဘက်အဖွဲ့အစည်းများအား စုစည်းပြီး ကရင်နီပြည်နယ်အတိုင်ပင်ခံ ကောင်စီ (KSCC) ကို ဖွဲ့စည်းတည်ထောင်ကာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ ဖြစ်သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
😭61❤9👍3👎1
August 30, 2026 5.1K 4