The Irrawaddy - Burmese: post #66360 — TG.ME

နန်းမယ်ခုံကို ဗုံးကြဲ

ဧရာဝတီ၊ ဩဂုတ် ၂၉၊ ၂၀၂၆

ကရင်နီပြည်(ကယားပြည်နယ်) နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာကို ယမန်နေ့ည ၇နာရီခွဲခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ကျေးရွာသည် ဒီးမော့ဆို-နန်းမယ်ခုံ-မိုးဗြဲလမ်းကို စစ်ကြောင်းထိုးလာပြီး တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားလာချိန် ရွာသားများ တိမ်းရှောင်နေသဖြင့် လူထိခိုက်မှုမရှိကြောင်း ဒေသခံတဦးက ပြောသည်။

ဩဂုတ် ၂၈ ရက်တွင် စစ်သားအင်အား ၂၀၀ခန့်သည် လွယ်ယင်းတောင်ခြေဘက်သို့ စစ်ကြောင်းထိုးနေပြီး ဒရုန်း တိုက်ခိုက်မှု ၁၅ ကြိမ် နှင့် လက်နက်ကြီး အကြိမ် ၈၀ ထက်မနည်း တိုက်ခိုက်နေကြောင်း၊ ထိုစစ်ကြောင်းသည် တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်မှုကြောင့် အထိနာခဲ့ပြီး အကျအဆုံးများကာ အလောင်းများပင် ပစ်ထားခဲ့ရကြောင်း ရှေ့တန်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုသည်။

စစ်တပ်သည် ဒီးမော့ဆို-နန်းမယ်ခုံ-မိုးဗြဲလမ်း ပြန်လည်စိုးမိုးနိုင်ရေးအတွက် စစ်ကြောင်းများ နှစ်ဖက်ညှပ်ကာ ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်။

သတင်း-CJ
ဓာတ်ပုံ-CJ

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎41❤17😭2
August 29, 2026 4.4K 2