မြန်မာနေရှင်နယ်လိဂ်မှ ပျောက်ဆုံးနေသော ဘောလုံးသမား ပြန်တွေ့ ဧရာဝတီ၊… — The Irrawaddy - Burmese — TG.ME

မြန်မာနေရှင်နယ်လိဂ်မှ ပျောက်ဆုံးနေသော ဘောလုံးသမား ပြန်တွေ့

ဧရာဝတီ၊ ဩဂုတ် ၂၉၊ ၂၀၂၆

မြန်မာနေရှင်နယ်လိဂ် Chinland FC အသင်းမှ တပတ်ကြာပျောက်ဆုံးနေသော အသက် ၂၂ နှစ်အရွယ် ဆလိုင်း ပါလုံး (Pa Lung)ကို ပြန်လည် တွေ့ရှိပြီဖြစ်ကြောင်း အသင်းမှ ယနေ့ ထုတ်ပြန်သည်။

Pa Lung သည် မိခင်ဖြစ်သူ၏ ကျန်းမာရေး အထူးအရေးပေါ်အခြေအနေကြောင့် အသင်းထံ အကြောင်းကြားနိုင်ခြင်းမရှိဘဲ နေရပ်သို့ အရေးပေါ်ပြန်သွားခဲ့ရခြင်းဖြစ်ပြီး လမ်းတွင် ဖုန်းအားကုန်ခြင်းနှင့် ဆက်သွယ်ရေးအခက်အခဲများကြောင့် အသင်းနှင့် အဆက်အသွယ်ပြတ်တောက်သွားခြင်း ဖြစ်ကြောင်း ဆိုသည်။

လက်ရှိတွင် Pa Lung သည် အသင်းသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပြီး မိသားစုဝင်များ၊ ဆွေမျိုးမိတ်ဆွေများ၊ ချစ်ခင်အားပေးသူများနှင့် စိတ်ပူပန်ပေးခဲ့ကြသူများအားလုံး စိတ်အေးနိုင်ပြီဖြစ်ကြောင်း Chinland FC က အသိပေးထားသည်။

Chinland FC အသင်းမှ ကျောနံပါတ် ၅ မတူပီဇာတိဖြစ်သူ ဆလိုင်း ပါလုံးသည် သြဂုတ်၂၂ ရက်က ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ပြုလုပ်သည့် ဖူဆယ်ပွဲသို့ သွားရောက်ကြည့်ရှုပြီးအပြန်၊ မြောက်ဒဂုံ ၇/၈ လမ်းဆုံ ကားမှတ်တိုင်၌ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ-Chinland-FC

#WhatsHappeningInMyanmar
#RejectMilitaryCoup
😁44👍12❤4😱2
August 29, 2026 3.5K 2