ကြေမွတော့မယ့် တိမ်တိုက်များ
=======================
လူဦးရေ ၁၈ မှ ၅၅ ကြား
ရခိုင် 2.15 သန်း 1.15 သန်း
ကချင် 1.! .57
ကရင် .7 .4
--------------------------------------------------
Total 4.35 2.21
----------------------------------------------------
အစိုးရ 32.5 သန်း 17.5 သန်း
ဒီစာရင်းက လက်ရှိ အနှစ်ချုပ်ထားတဲ့ စာရင်းပါပဲ ။ ဒီစာရင်းထဲမှာ ထွက်ပြေးတဲ့သူတွေ ၊ သေကုန်တဲ့ သူတွေ စာရင်း မပါဝင်သေးဘူး...သူပုန်တွေ အတွက် အစွမ်းကုန် တွက်ပြထားတာ ။
လတ်တလော တပ်မတော်က ထိုးစစ်ဆင်မယ့် ၃ ဖွဲ့ကို အရင်တွက်ပြတာပါ ။ ဒါက လူသားရင်းမြစ် ရနိုင်တဲ့ စာရင်းပဲ ရှိပါသေးတယ် ။ လက်နက်ခဲယမ်း ရိက္ခာ နည်းပညာကလည်း ဆင် နဲ့ ကြွက်လောက် ကွာဟ နေတာပါပဲ ။
အကန်မေးခွန်း လာပါလိမ့်မယ့်...ဒါဆို ဘာကြောင့် စစ်တိုင်းဌာနချုပ်ကြီး ၂ ခု ကျခဲ့ရသလဲပေါ့ ။ အဖြေက တိုတိုရှင်းရှင်းပဲ ခြံစည်းရိုးဖြဲပေးတဲ့ ဗမာ PDF နဲ့ တပ်တွင်းက စစ်ခြောက် ၊ စစ်လောက်တွေရယ် အညံ့စားပေါ်လစီ ရယ်ကြောင့်ပဲ ။
OK တပ်မတော်က သင်ခန်းစာကို တန်ဖိုးကြီးကြီး ပေးဝယ်ခဲ့ရပြီး ပြင်ဆင်ခဲ့ကြရတယ် ။ အရည်ချင်းမဲ့ အရာရှိတွေ.. လာဘ်စား သစ္စာဖောက်လောက်တွေကို အထိုက်အလျှောက် ဖယ်ရှားနိုင်ခဲ့တယ် ( ကျန်ရှိနေနိုင်ပါသေးတယ်) ။ ပြည်သူ့စစ်မှုထမ်း ဥပဒေ နဲ့ လျော့ပါးသွားတဲ့ စစ်သည်အင်အား ဖြည့်တင်းပြီးသွားပြီ ။ လက်နက်က ရှိပြီးသားပါ ဒရုန်းလောက်ပဲ ဖြည့်တင်းရတာပါ ။
နည်းပညာတွေ မြှင့်တင်ပြီး နေ့ ည မပျက် ရာသီမရွေး စစ်ဆင်နိုင်တဲ့ အထိ အားကောင်းမောင်းသန် ဖြစ်အောင် စီစဥ်နိုင်ခဲ့ပြီ ။ ယခင်ကဆို ပွင့်လင်းရာသီမှ မိုးမရွာမှ နေ့ဘက်မှ ဆိုတဲ့ ကန့်သတ်ချက်တွေကို ကျော်လွှား စစ်ဆင်နိုင်ခဲ့လို့ ဒီနေ့ နာမည်ကြီးနေတဲ့ ရခိုင် စစ်ဆင်ရေး 4926 ကို နိဒါန်းဖွင့်လိုက်တာပါပဲ ။ ရခိုင်တွေရဲ့ အိပ်မက် လန့်နိုးစပြုလာပါပြီ ။
ကရင်အတွက် အစပျိုးနေတာ ကြာပါပြီ ။ သတင်းတွေအရ တက်ညီလက်ညီ မဟုတ်ပဲ အပါးခိုနေတဲ့ ကွန်မန်ဒါတွေကြောင့် အနည်းငယ် စစ်အီနေတာပဲ ရှိပါတယ် ။
ဇောင်းထတဲ့ ကချင်အတွက် ပထမအသုတ် လက်ဆောင် ပို့အပြီး နောက်ထပ် အင်အားတွေနဲ့ လက်နက် ခဲယမ်းတွေ ထပ်ပို့နေပြန်ပြီ ။ စင်းခန်းတံတားမရှိတော့လို့ အဓိက အတားအဆီးမရှိတော့ဘူး ။ သင်္ဘောအုပ် ရောက်ပြီး မကြာခင် ကချင်ဘက်က မိန်းမရှာတွေ ငြိမ်းချမ်းရေး စကား ဖင်ပြဲအောင် အော်လာတော့မယ် ။
ပြည်သူတယောက်အနေနဲ့ ကြိုတင် မေတ္တာရပ်ခံချင်တာ ငြိမ်းချမ်းရေးလေသံ ပစ်လိုက်တာနဲ့ ယခင်က လိုင်ဇာ အပေါက်ဝက လှည့်ပြန်ခဲ့လို့ ဒီနေ့ ပေးဆပ်နေရတဲ့ ပြည်သူ့ဘဝတွေကို စာနာကြဖို့ပါပဲ ။ ဒီကနေ့ သတင်းစကားပါးချင်တာက ယခင်တပ်ချုပ်ဟောင်း လက်ထက်တလျှောက်လုံး...လေတိုက်နှုံးကောင်းကောင်းနဲ့ မိုးပေါ်က တိမ်တိုက်တွေလို ဝံ့ကြွားခဲ့ကြတဲ့ ရခိုင် ၊ ကချင် ၊ ကရင် တို့ အတွက် တိမ်ဖြိုမယ့် မုန်တိုင်းကြီး လာနေပြီဆိုတာပါပဲ ။
{ ပြောခဲ့ဖူးပါတယ် မင်းတို့ ဦးမင်းအောင်လှိုင်ကို မဆဲကြနဲ့ သူမို့လို့ ညှာနေတာ သူမဟုတ်ရင် မင်းတို့ မျိုးပြုတ်တာ ကြာပြီ ဒါကြောင့် မဆဲကြနဲ့ ထိုင်ကန်တော့ရမှာလို့.... ဗေဒင်တတ်လို့တော့ မဟုတ်ဖူး အတွေ့အကြုံအရ ကြိုပြောထားတာ ကဲ အခု ငိုဖို့ ပြင်ထားပေတော့ဗျာ 😁😁😁 }
ကိုရွှေမျိုးဝင်း
1
591
148
24
15
6
2
1
591
148
24
15
6
2
1September 7, 2026 3.2K 28 21