ပိဋကတ်သုံးပုံကိုလည်း ပါဠိအဋ္ဌကထာ၊ ဋီကာနှင့်တကွ အပ်တော်မူ၍ ကြည့်ရှုသင်ကြား ပို့သတော်မူစေသည်။ အင်းဝတောင် (ရှင်ဗုဒ္ဓ ဃောသ)ကိုလည်း စင်္ကြန်နှနှစ်ထပ် ကျောင်းရံနှင့်တကွ ဆောက်၍ လှူတော်မူသည်။ ဘုရားဆင်းတုရုပ်တု တော် ပျက်စီးကျိုးပဲ့လေသည်များကိုလည်း လုပ်ပြန်ဆက် ပြန်၍ ရွှေထည့်တော်မူသည်။ ကြေးစင်တစ်ထောင်ကို လည်း ခေါင်းလောင်းကြီးသွန်းစေ၍၊ ပုဂံရွှေစည်းခုံမှာ လှူတော်မူသည် ။
အဲလို ကာလမှာပဲ ဇင်းမယ်မင်းထံမှ သတင်းပို့လာပါတယ် ။
" လင်းဇင်းမင်း ဗြစဲစစ် သည် အင်အားအလုံးအရင်းနဲ့ ချီလာပြီး ပြဲအနန်း၊ လကွန်း၊ တုရိုင်းဇင်းခေါင်းမြို့စားများလည်း ပူးပေါင်းပါဝင်ကြသဖြင့် စိုးရိမ်နေရပါကြောင်း '' m
ဒါနဲ့ ဘုရင့်နောင်လည်း အစည်းအဝေးခေါ်ပြီး....
" ကဲ ဇင်းမယ်ကတော့ စစ်ကူတောင်းနေပြီ ငါတို့ ဘယ်လိုစီစဥ်ကြမလဲ ဆွေးနွေးကြစို့.. ''
ထိုအခါ အိမ်ရှေ့မင်းက...
“ဇင်းမယ်မြို့တွင် ထားခဲ့သော ဗညားဒလ၊ ဗညားစက်တို့မှာလည်း အင်အားတောင့်ပါတယ် ။ ဇင်းမယ်မှာလည်း အလုံးအရင်း ဆင် မြင်း ရှိပါတယ် ။ ဒီတော့ ယုံကြည်ရတဲ့ စစ်သူကြီးတွေ ခန့်ပြီး ညောင်ရွှေစော်ဘွားနှင့် မြို့စားအပေါင်းတို့ကို စေလွတ်ရင် ကောင်းပါလိမ့်မယ် ''
ထိုအခါ ညီတော် ပြည်ဘုရင် သတိုးဓမ္မရာဇာ က...
“ယခုပြဲစား၊ အနန်းစားတို့နှင့် ပြဲအနန်း၊ လကွန်း၊ တုရိုင်းဇင်းခေါင်း၊ သည်မြို့စားများ လင်းဇင်းမင်းသို့ ပေါင်းလေသောကြောင့် စိုးရိမ်ဖွယ် ရှိပါတယ်... လင်းဇင်းဘုရင်သည် ထီးဆောင်း မင်း တစ်ပါးပင် ဖြစ်သည် ။ ဆင် မြင်း ဗိုလ်ပါလည်း များသည် ။ ကျနော်တို့ ဇင်းမယ်မြို့ကို အောင်မြင်တော်မူသည်မှာ မကြာသေး ။ ထို့ကြောင့် ဇင်းမယ်တွင်ရှိသော အမှူးအမတ်တို့ကိုလည်း ယုံကြည်၍ မရနိုင်သေးပါဘူး ။ မှူးမတ် အဆင့်နဲ့ သွားတိုက်လို့ မသင့်ပါဘူး ။ ညီတော် ၊ သားတော်တို့ ဦးစီးပြီး ချီစေရမှ သင့်မြတ်ပါမယ် ”
ဟု အကြံပြုပါတယ် ။
ဘုရင့်နောင်လည်း အကြံပေးစကားများအား စူးစိုက်နားထောင်ပြီးနောက် ဆုံးဖြတ်လိုက်ပုံက......
ကိုရွှေမျိုးဝင်း
1
361
128
1
361
128
1September 6, 2026 5.2K 7 16