မန္တလေးမြို့နဲ့ စစ်ကိုင်းတိုင်းတစ်ဝိုက်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း… — Voice Of Mandalay(Vomdy) — TG.ME

မန္တလေးမြို့နဲ့ စစ်ကိုင်းတိုင်းတစ်ဝိုက်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ပြည်သူ့စစ်ခေါ် ပျူစောထီးအဖွဲ့တွေရဲ့ လုပ်ရပ်တွေဟာ ဒေသခံပြည်သူတွေအတွက် နေ့စဉ်ရင်ဆိုင်နေရတဲ့ ကြီးမားတဲ့ ဘေးဥပဒ်ဆိုးတစ်ခု ဖြစ်လာနေပါပြီ။ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး အာဏာအလွဲသုံးစားလုပ်နေကြတဲ့ ဒီလက်နက်ကိုင်အဖွဲ့တွေရဲ့ ကျူးလွန်မှုတွေကတော့ မခံမရပ်နိုင်စရာပါပဲ။

ခိုးဆိုးလုနှိုက်နဲ့ ရာဇဝတ်ဂိုဏ်းများ ထူထောင်ခြင်း

ပြည်သူကို စောင့်ရှောက်ရမယ့်အစား ကိုယ်ကျိုးအတွက် တရားမဝင် ရာဇဝတ်ဂိုဏ်းတွေသဖွယ် ရပ်တည်လာကြပါတယ်။ ညအချိန်တွေမှာ လမ်းသွားလမ်းလာတွေကို ခြိမ်းခြောက်ငွေတောင်းတာ၊ ခိုးဆိုးလုနှိုက်တာတွေကို ကိုယ်တိုင်ကျူးလွန်တာ ဒါမှမဟုတ် နောက်ကွယ်ကနေ ကျောထောက်နောက်ခံပြုပေးတာတွေနဲ့ မြို့ပြလုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်နေပါတယ်။

တရားမဝင် လောင်းကစားဝိုင်းများနှင့် ဖဲဖိုးဖာခေါင်း လုပ်ငန်းများ

မြို့နယ်အသီးသီးမှာ ဥပဒေဘောင်ပြင်ပက လောင်းကစားဝိုင်းတွေကို ကိုယ်တိုင်ဦးစီးလုပ်ကိုင်တာ၊ ခွင့်ပြုမိန့်ပေးပြီး ဖဲဖိုးနဲ့ ဆက်ကြေးကောက်ခံတာတွေကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေကြပါတယ်။ ဒီလုပ်ရပ်တွေကြောင့် လူငယ်တွေ လောင်းကစားဒဏ်သင့်ပြီး ရာဇဝတ်မှုတွေ ပိုမိုပေါများလာစေပါတယ်။

အတင်းအဓမ္မ အကြမ်းဖက်မှုနှင့် စစ်ဆေးငွေညစ်မှုများ

လမ်းဆုံလမ်းခွတွေနဲ့ ဂိတ်တွေမှာ စစ်ဆေးရေးအကြောင်းပြပြီး ပြည်သူတွေဆီက ငွေကြေးကို အကြောင်းအမျိုးမျိုးပြ အတင်းအဓမ္မ တောင်းခံတာ၊ ခြိမ်းခြောက်ငွေညစ်တာတွေ လုပ်နေကြပါတယ်။ မိမိတို့ရဲ့ အာဏာကို အလွဲသုံးစားလုပ်ကာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာနဲ့ အကြမ်းဖက်နှိပ်စက်တာတွေကို အကြိမ်ကြိမ် ကျူးလွန်နေပါတယ်။

နိုင်ထက်စီးနင်း အနိုင်ကျင့် ဗိုလ်ကျမှုများ

ရပ်ကွက်တွေထဲမှာ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို အကြောင်းမဲ့ သိမ်းပိုက်တာ၊ လုပ်ငန်းရှင်တွေဆီက လစဉ်ကြေး အတင်းအကျပ် ကောက်ခံတာနဲ့ ကိုယ်ကျိုးအတွက် နိုင်ထက်စီးနင်း ဗိုလ်ကျအနိုင်ကျင့်တာတွေကို နေ့စဉ်လိုလို ကျူးလွန်နေကြပါတယ်။
ဒီလိုမျိုး လူ့အသိုင်းအဝိုင်းအတွက် အဆိပ်အတောက်ဖြစ်စေပြီး ပြည်သူကို ဒုက္ခပေးနေတဲ့ အကျင့်ပျက်ယုတ်မာတဲ့ လူတစ်စုရဲ့ ဖိနှိပ်မှုကို ဘယ်တော့မှ ငုံ့ခံနေကြရမှာ မဟုတ်ပါဘူး။ ဝါးသီးကြောင့် ဝါးပင်ပျက်စီhးရသလို မိမိမျိုးရိုးကို ပြန်ဖျက်ဆီးနေတဲ့ ဤကဲ့သို့သော လူမျိုးပျက်ယုတ်မာသူတွေကို ဆက်လက် သည်းခံခွင့်လွှတ်မပေးဘဲ လက်ပိုက်ကြည့်မနေဘဲ သတ္တိရှိရှိနဲ့ တက်တက်ကြွကြွ ပြန်လည်တွန်းလှန် တုံပြန်ကြဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။

#Vomdy
G Gyi
❤19👍9🔥4
September 4, 2026 1.7K 1