❗မန္တလေး❗
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်ဧရာဝတီ ရေလမ်းကြောင်းမှတစ်ဆင့် စစ်သင်္ဘောပုံစံ ပြုလုပ်ထားသည့် ရေယာဉ်အများအပြားဖြင့် တကောင်းနီကယ်စက်ရုံဘက်သို့ သွားရောက်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။
သာမန်သံခွန် (၁၅) စီးနှင့် စစ်သင်္ဘောပုံစံ ပြုလုပ်ထားသည့် (၇) စီး၊ စုစုပေါင်း ရေယာဉ် (၂၂) စီးတို့သည် နန်းတော်ကျွန်းတွင် ဆက်လက်စောင့်ဆိုင်းနေကြပြီး၊ ဧရာဝတီသင်္ဘောကျင်းမှ ကျန်ရှိနေသည့် ရေယာဉ်များနှင့်အတူ တကောင်းနီကယ်စက်ရုံဘက်သို့ ဆက်လက်ထွက်ခွာရန် ရှိနေကြောင်း သိရှိရသည်။
ထို့ပြင် ဧရာဝတီသင်္ဘောကျင်းမှ တွဲတွန်းသင်္ဘော (၂) စီးအပြင် စက်တင်ဘာလ ၄ ရက်နေ့၊ နေ့လယ် ၁၂ နာရီဝန်းကျင်ကတည်းက စက်စမ်းမောင်းနှင်မှုများ ပြုလုပ်နေခဲ့ပြီး၊ ၄ ရက်နေ့ နေ့လယ်ပိုင်းမှစတင်ကာ မရမ်းခြံဆိပ်ကမ်းတွင်လည်း စစ်ကောင်စီတပ်သားများ အင်အားအမြောက်အမြားဖြင့် ရေယာဉ်ပေါ်သို့ တင်ချမှုများ ပြုလုပ်ခဲ့ကြကြောင်း ဒသိရှိရသည်။
ပြည်သူပိုင်သံခွန်များကိုအတင်းအဓမ္မချောဆွဲထားသည်ဟုလည်းသိရှိရသည်။
#Vomdy
Sat Sep 5
Voice Of Mandalay သို့သတင်းပေးပို့ကာ ပြည်သူလူထုချင်းချင်းဖေးမကူညီပါ။
သတင်းများဆွေးနွေးရန် Public Gp Link
https://t.me/VoiceOfMandalay3
သတင်းပေးပို့ရန်
@Oakgyi1116
9
3