မန္တလေး❗ ​မန္တလေးမြို့၊ နန်းတွင်းနှင့် မြို့တွင်းနေရာအနှံ့အပြားတွင်… — Voice Of Mandalay(Vomdy) — TG.ME

မန္တလေး

​မန္တလေးမြို့၊ နန်းတွင်းနှင့် မြို့တွင်းနေရာအနှံ့အပြားတွင် ယနေ့ (စက်တင်ဘာလ ၅ ရက်နေ့) မနက်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားအမြောက်အမြားဖြင့် နေရာယူလှည့်လည် စောင့်ဆိုင်းနေကြကြောင်း သိရသည်။

​ယနေ့ မနက်ပိုင်းတွင် နန်းတွင်းပတ်လည်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ အထူးချထားပြီး၊ မြို့ပတ်လမ်းဘက်တွင်လည်း မော်တော်ပီကယ်များ ချထားကြောင်း၊ မိန်းဘက်တွင်လည်း DC ကား (၂) စီးဖြင့် ယူနီဖောင်းအပြည့်အစုံပါ တပ်ဖွဲ့ဝင် (၈) ဦးက လက်နက်အပြည့်အစုံ ကိုင်ဆောင်ကာ လှည့်လည်လျက်ရှိကြောင်း သိရှိရသည်။

​ထို့ပြင် (၆၉ လမ်း ×  / ၁၀၁ လမ်း) ဒေါင့်နှင့် (၆၉ လမ်း) ပေါ်တို့တွင်လည်း Double Cab ကား (၂) စီးဖြင့် အင်အားအပြည့် ရောက်ရှိနေကြသလို၊ (၇၃ လမ်း၊ မန္တလေးတက္ကသိုလ်ထိပ်) တွင်လည်း စစ်ကောင်စီတပ်သား (၄) ဦးနှင့် 4-Wheel (ဖိုးဝီး) ကား (၂) စီးတို့က အလှည့်ကျ ကင်းလှည့်စောင့်ဆိုင်းနေကြကြောင်း  သိရှိရသည်။

#Vomdy
Sat Sep5

​Voice Of Mandalay သို့သတင်းပေးပို့ကာ ပြည်သူလူထုချင်းချင်းဖေးမကူညီပါ။


သတင်းများဆွေးနွေးရန် Public Gp Link
https://t.me/VoiceOfMandalay3
သတင်းပေးပို့ရန်
@Oakgyi1116
❤11👍3
September 5, 2026 1.4K 4 5