မန္တလေး❗ မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ သံရှေ့၊ မာလကာခြံဘက်တွင်… — Voice Of Mandalay(Vomdy) — TG.ME

မန္တလေး

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊
သံရှေ့၊ မာလကာခြံဘက်တွင် စစ်မှုထမ်းမဲနှိုက်ရာ၌ နံပါတ်အသေး ကျရောက်သူများကို အိမ်ပြန်မလွှတ်ဘဲ ဆက်လက်ထိန်းသိမ်းခေါ်ဆောင်ထားကြောင်း သိရသည်။

​အဆိုပါနေရာတွင် စစ်မှုထမ်းမဲနှိုက်ခိုင်းရာမှ မနေ့က (၃) ဦးနှင့် ယနေ့ (၂) ဦး၊ စုစုပေါင်း လူငယ် (၅) ဦးအထိ အိမ်ပြန်မလွှတ်ဘဲ ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ပြီး၊ ဖမ်းဆီးခံရသူများထဲတွင် အသက် (၂၉) နှစ်ပတ်ချာလည်အရွယ်များ ပါဝင်ကာ အကွက် (၄၂၈) မှ တစ်ဦးလည်း ပါဝင်ကြောင်း သိရှိရသည်။

​ယခုကဲ့သို့ စစ်ကောင်စီက စစ်မှုထမ်းရန်အတွက် မဲနှိုက်ခိုင်းကာ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုများ လုပ်ဆောင်နေကြသဖြင့် မန္တလေးပြည်သူများအနေဖြင့် စစ်မှုထမ်းမဲနှိုက်ခိုင်းပါက တော်လှန်ရေးနယ်မြေဘက်သို့ တိမ်းရှောင်ကြရန်နှင့် အထူးသတိပြုကြရန် အသ်ိပေးတိုက်တွန်းအပ်ပါသည်။

#Vomdy
Sat Sep5

​Voice Of Mandalay သို့သတင်းပေးပို့ကာ ပြည်သူလူထုချင်းချင်းဖေးမကူညီပါ။


သတင်းများဆွေးနွေးရန် Public Gp Link
https://t.me/VoiceOfMandalay3
သတင်းပေးပို့ရန်
@Oakgyi1116
👍10😢5❤4🤬1
September 5, 2026 1.3K 5