ရုပ်ရှင်သရုပ်ဆောင်ကျော်ကျော်ဗိုနှင့်အဖွဲ့အပါအဝင် အလှူရှင်များက… — Popular Journal — TG.ME

ရုပ်ရှင်သရုပ်ဆောင်ကျော်ကျော်ဗိုနှင့်အဖွဲ့အပါအဝင် အလှူရှင်များက ဧရာဝတီတိုင်းမှရေဘေးသင့်သူများအတွက် အလှူငွေနှင့် ဆန်အိတ်များပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းမှရေဘေးသင့်သူများအတွက် ရုပ်ရှင်သ ရုပ်ဆောင်ကျော်ကျော်ဗိုနှင့်အဖွဲ့အပါအဝင် အလှူရှင်များက အလှူငွေများနှင့် ဆန်အိတ်များကို စက်တင်ဘာ ၃ ရက်နံနက်ပိုင်းက ဟင်္သာတမြို့တွင်လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ရုပ်ရှင်သရုပ်ဆောင်ကျော်ကျော်ဗိုလ်နှင့် ညီအစ်ကိုမိတ်ဆွေများ(GOATs For Charity)၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၊ မြိတ်မြို့ OK ရတနာဆန်စက်၊ အောင်နိုင်သစ္စာကုမ္ပဏီလိမိတက်၊ ဆရာတော်ဉူးအာလောက၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းနှင့် Eco Friendly Fuel တို့က အလှူငွေများနှင့် ဆန်အိတ်များကိုလှူဒါန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ အလှူငွေနှင့် ဆန်အိတ်များလှူဒါန်းမှုကို ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
❤10👍4
September 4, 2026 506 1