ထိုင်းနိုင်ငံ၊ ဟွာအင်းမြို့နယ်တွင် အမှိုက်သိမ်းယာဉ်အမိုးပေါ်မှ ပြုတ်ကျ၍ မြန်မာအလုပ်သမားတစ်ဦး သေဆုံး
နစ်နာကြေးရရှိရေး သံအရာရှိရုံးက ကူညီဆောင်ရွက်ပေးနေ
ဗန်ကောက်၊ စက်တင်ဘာ ၄
ထိုင်းနိုင်ငံ၊ ပရာကျွပ်ခီရီခန်ခရိုင်၊ ဟွာအင်းမြို့နယ်တွင် အမှိုက်သိမ်းယာဉ်အမိုးပေါ် လိုက်ပါလာစဉ် ပြုတ်ကျကာ အသက်ဆုံးရှုံးခဲ့သည့် မြန်မာအလုပ်သမားအတွက် ကျန်ရစ်သူမိသားစု နစ်နာကြေးရရှိရေး အလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သေဆုံးသူမှာ ဟွာအင်းမြို့နယ်ရှိ အမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသူ ဦးသန်းမင်းထွန်း (ခ) သဲမင်းထွန်း ဖြစ်သည်။
၎င်းသည် ဩဂုတ် ၂၉ ရက် နံနက် ၃ နာရီခွဲခန့်တွင် အမှိုက်သိမ်းယာဉ်အမိုးပေါ်မှ လိုက်ပါလာစဉ် ကွန်ကရစ်လမ်းပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျကာ ဦးခေါင်းထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် ဟွာအင်းဆေးရုံသို့ ပို့ဆောင်စဉ် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ထိုင်းနိုင်ငံ၊-ဟွာအင်းမ/
9
2September 4, 2026 910

