မြန်မာ-ရုရှားနှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာပူးပေါင်းဆေ… — Popular Journal — TG.ME

မြန်မာ-ရုရှားနှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (၂၀၂၇- ၂၀၂၈) လက်မှတ်ရေးထိုး

မြန်မာ-ရုရှားနှစ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (၂၀၂၇- ၂၀၂၈) ကို စက်တင်ဘာ ၂ ရက်က ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ စက်တင်ဘာ ၁ ရက်မှ ၄ ရက်အထိကျင်းပသည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်နှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်ခဲ့သည့် မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဦးစိုးသိန်းနှင့် ရုရှားနိုင်ငံ ရှေ့နေချုပ်တို့တွေ့ဆုံဆွေးနွေးပြီးနောက် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ရုရှား-မြန်မာနှစ်နိုင်ငံကြားဝန်ထမ်းများလေ့ကျင့်သင်တန်းပေးခြင်း၊ အတွေ့အကြုံနှင့် နည်းပညာဖလှယ်နိုင်ခြင်းများကြောင့် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုကိုပိုမိုခိုင်မာအားကောင်းလာစေပြီး စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများပိုမိုအားကောင်း၍ များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
👍4❤1👏1
September 5, 2026 695 2