ကလောတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသွားသည့်တံတားနေရာတွင်… — Popular Journal — TG.ME

ကလောတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသွားသည့်တံတားနေရာတွင် တံတားအသစ် ပြန်လည်တည်ဆောက်မည်

ကလော၊စက်တင်ဘာ ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်း ပြီးခဲ့သည့် မိုးရာသီက မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် ပျက်စီးသွားခဲ့သည့် သံကွန်ကရစ်တံတားနေရာတွင် အစားထိုး တံတားသစ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကလောမြို့နယ်၊ အင်းပြင်ကျေးရွာအနီးရှိ ပျက်စီးသွားသည့် အဆိုပါတံတားနေရာတွင် ရာသီမရွေး သွားလာနိုင်ရေးအတွက် အမြဲတမ်းတံတားသစ် ဒီဇိုင်းပုံစံများ ရေးဆွဲခြင်းနှင့် ယာယီတံတား တည်ဆောက်ထားရှိမှု အခြေအနေများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

သတင်းအပြည့်အစုံဖတ်ရန်>>

https://www.popularmyanmar.com/ကလောတွင်-မိုးသည်းထန်စွာ/
👍10❤3👏1
September 5, 2026 927 2