ဒုတိယသမ္မတ ဦးညိုစောက ဗလာဒီဗော့စတော့မြို့ရှိ အကြီးဆုံးသော… — Popular Journal — TG.ME

ဒုတိယသမ္မတ ဦးညိုစောက ဗလာဒီဗော့စတော့မြို့ရှိ အကြီးဆုံးသော အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံနှင့် ဗလာဒီဗော့စတော့ကုန်သွယ်ရေးဆိပ်ကမ်းတို့ကိုကြည့်ရှုလေ့လာ

ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ရောက်ရှိနေသော ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၄ ရက်နံနက်ပိုင်းတွင် ဗလာဒီဗော့စတော့မြို့ရှိ အကြီးဆုံးသော အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံနှင့် ဗလာဒီဗော့စတော့ကုန်သွယ်ရေးဆိပ်ကမ်းတို့ကိုကြည့်ရှုလေ့ လာခဲ့သည်။

ဗလာဒီဗော့စတော့မြို့တော်အတွက် လျှပ်စစ်ဓာတ်အားနှင့် အပူပေးရေးအတွက်အရေးပါသည့် အကြီးဆုံးသော အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုနှင့် လျှပ်စစ်ဓာတ်အား ထိန်းချုပ်ဖြန့်ဖြူးပေးနေမှုတို့ကိုကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ထို့ပြင် ဗလာဒီဗော့စတော့ကုန်သွယ်ရေးဆိပ်ကမ်း၌ ခေတ်မီစက်ယန္တရားများဖြင့် ကုန်တင်ကုန်ချလုပ်ငန်းများဆောင်ရွက်နေမှုကိုလည်း ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန်>>

https://www.popularmyanmar.com/ဒုတိယသမ္မတ-ဦးညိုစောက-ဗလာ/
❤6👍3
September 4, 2026 441