အ.ထ.က(ငါးသိုင်းချောင်း)ပြန်လည်ဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်း
ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားရသော ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့ရှိ အ.ထ.က(ငါးသိုင်းချောင်း)အား ရေများပြန်လည်ကျဆင်းသွားသဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ စက်တင်ဘာ ၄ ရက်နံနက်ပိုင်းမှစတင်၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရေကြီးရေလျှံစဥ်ကတင်ကျန်ခဲ့သော စာသင်ကျောင်းအတွင်းနှင့် စာသင်ဆောင်များအတွင်းတို့ရှိ အမှိုက်သရိုက်များ၊ ရွံ့နွံများ၊ နုန်းများကို စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြရာ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့အတူ တိုင်းဝန်ကြီးချုပ်က စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင်ပါဝင်ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအား စက်သုံးဆီများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
5
2September 4, 2026 540



