နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ ဟနွိုင်းမြို့ Noi… — Popular Journal — TG.ME

👉နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ၊ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို

👉ပြည်တွင်းစက်သုံးဆီဈေး ယခင်တစ်ပတ်ကအတိုင်းသာ သတ်မှတ်ထားပြီး ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၃,၇၁၀ နှင့် ဒီဇယ်တစ်လီတာ ကျပ် ၄,၂၄၀ ဖြစ်

👉ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်၍ ကြက်ခြေနီ အရေးပေါ်ကွပ်ကဲရေးစင်တာကို ၂၄ နာရီ ဖွင့်လှစ်စောင့်ကြည့်လျက်ရှိ

👉ချင်းတွင်းမြစ်ရေမြင့်တက်လာမှုကြောင့် မင်းကင်းနှင့် မုံရွာမြို့နယ်အတွင်း မြစ်ကမ်းနီးနေထိုင်သူများ သတိပြုရန်လိုဟုဆို

👉သတ်မှတ်အခြေခံရည်ညွှန်းဈေးဖြင့် ဆန်ပုံမှန်ရောင်းချရန် ဆန်စပါးကုန်သည်များအသင်း မေတ္တာရပ်ခံ

👉အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ကလေးဝမြို့ကိုဗဟိုပြုလှုပ်ခတ်

👉ဗီယက်နမ်သို့ရောက်ရှိလာသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီးတို့အား ကော်ဇောနီတလျောက် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို

👉Fire Dragon International Futsal Cup 2026 ပြိုင်ပွဲအတွက် ထိုင်းဖူဆယ်ကလပ် ရန်ကုန်မြို့သို့ ရောက်ရှိ

👉ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အနီးရောက်ရှိလာသဖြင့် ကလေးဝနှင့် မင်းကင်းမြို့တို့တွင် ရေကြီးနိုင်

👉တရုတ်-မြန်မာလူငယ်များ အပြုသဘောဆောင်ကာ အမြင်ချင်းဖလှယ်ဆွေးနွေး

👉ယခုနှစ် အင်းလေးဖောင်တော်ဦးဘုရားပွဲတော် အောက်တိုဘာ ၁၂ ရက်တွင် စတင်မည်

👉မြန်မာ-နီကာရာဂွါနှစ်နိုင်ငံကြား Creative Economy နယ်ပယ်တွင်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကိုရှာဖွေမည်

👉နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် VinFast လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လေ့လာ

👉အမျိုးသားလူသစ်သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများ ပြည်ပသို့ အလည်အပတ်ထွက်ခွာပါက
သင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (PS) ဖြင့် စက်တင်ဘာ ၁၅ ရက်မှစ၍ ခွင့်ပြုမည်မဟုတ်

👉ဟင်္သာတမြို့နယ်ရှိ ရေဘေးသင့်အိမ်ထောင်စု ၁၅၅ စုအား အခြေခံအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့
👍14❤4
September 4, 2026 1.2K 1