မြန်မာနိုင်ငံအတွင်းရှိ မြစ်ရေများအားလုံး စက်တင်ဘာလ၏… — Popular Journal — TG.ME

မြန်မာနိုင်ငံအတွင်းရှိ မြစ်ရေများအားလုံး စက်တင်ဘာလ၏ ပထမ(၁၀)ရက်ပတ်အတွင်း လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်

ဧရာဝတီမြစ်ရေအပါအဝင် မြန်မာနိုင်ငံအတွင်းရှိ မြစ်ရေများအားလုံးသည် စက်တင်ဘာလ၏ ပထမ(၁၀) ရက်ပတ်အတွင်း လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးခဲ့သည်။

ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် (၂)ပေမှ (၃)ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ပေဝက်မှ (၁)ပေခွဲခန့် လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်သည်ဟု အသိပေးခဲ့သည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေး၀မြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၁)ပေခွဲမှ (၃)ပေခန့် လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်သည်ဟု အသိပေးခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန်>>

https://www.popularmyanmar.com/မြန်မာနိုင်ငံအတွင်းရှိ-2/
👍6❤4😢3👏1😱1
September 3, 2026 1.1K 9