ယူရီးယားနှင့် DAP အခြေခံ မြေဩဇာများအတွက် စက်တင်ဘာလအတွင်း ရန်ကုန်အထိုင် လက္ကားရည်ညွှန်းဈေးနှုန်းများ ထုတ်ပြန်
ရန်ကုန်၊ စက်တင်ဘာ ၂
တောင်သူများ အဓိကအသုံးပြုသည့် ယူရီးယားနှင့် DAP အခြေခံ မြေဩဇာများအတွက် စက်တင်ဘာလအတွင်း ရန်ကုန်အထိုင် လက္ကားရည်ညွှန်းဈေးနှုန်းများကို မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က ထုတ်ပြန်လိုက်သည်။
အဆိုပါ ရည်ညွှန်းဈေးနှုန်းများကို ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ အကျုံးဝင်မည်ဖြစ်သည်။
သတ်မှတ်ထားသည့် ရန်ကုန်အထိုင် လက်ငင်းငွေချေ လက္ကားဈေးနှုန်းများမှာ ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀၊ Di-Ammonium Phosphate (DAP) အခြေခံ ၁၅ ပတ်လည် မြေဩဇာ ၅၀ ကီလိုတစ်အိတ်လျှင် ကျပ် ၁၃၈,၀၀၀ တို့ ဖြစ်ကြသည်။
သတင်းအပြည့်အစုံဖတ်ရန်>>
https://www.popularmyanmar.com/ယူရီးယားနှင့်-dap-အခြေခံ-မြ/

6
6
1
1September 2, 2026 1.1K 1