စာအုပ်လင့်များ: post #8348 — TG.ME

ဖားကန့်မှာ နှစ်ဖက်ရင်ဆိုင်ထားကြတဲ့ရွာတွေမှာ တပ်မတော်ဘက်က ပြန်ဖွင့်ပေးပြီး နေထိုင်ခွင့်ပြုခဲ့ကြတယ်။

ဖားကန့်ရဲ့အခြေအနေကိုလူတိုင်းသိပြီးသားပါ။ KIAနဲ့အဆက်အသွယ်မရှိတဲ့ကချင်ဆိုတာ ဖားကန့်မှာ မရှိပါဘူး။ ကချင်မဟုတ်တဲ့ ဖားကန့်သားတွေကိုယ်တိုင်ကလည်း KIAဆိုငယ်ကြောက်ပါ။KIAကိုယ်တိုင်ကလည်း သူတို့သတင်းပေး အမာခံတွေကို ရွာသားတွေထဲ မွေးထားတာပါ။ ဒီတော့ တပ်မတော်တပ်ဆွဲထားရာစခန်းတွေနားမှာ သူတို့ကိုပြန်ထားရတာ မွေပွေးခါးပိုက် ပိုက်ထားသလိုပါပဲ။ အန္တရယ်အရမ်းများပါတယ်။

တပ်တည် တပ်လှုပ် စခန်းအဝင်အထွက် အကုန်မျက်စိဒေါက်ထောက်ကြည့်ပြီး သူတို့ပထွေးတွေကို ၂၄နာရီ သတင်းပြန်ပို့နေကြတာပါ။

ဒီလိုအန္တရယ်တွေရှိတဲ့ကြားထဲက ရွာတွေပြန်ဖွင့်ပေးခဲ့တာ တကယ်စေတနာကြောင့်ပါ။ အသက်တွေနဲ့ရင်းပြီး စွန့်စားပေးကြတာပါ။

ပြန်ဝင်ကြတဲ့ရွာသူရွာသားတွေအနေနဲ့လည်း ကျေးဇူးမတင်ချင်နေပါ။ ပြသနာမရှာကြဖို့လိုတယ်။

အခုနေထိုင်ခွင့်ပြုတဲ့အချို့ရွာတွေမှာ dead bodyအချို့တွေ့တယ်သတင်းထွက်လာတယ်။ စစ်ဖြစ်ထားရာမြေဖြစ်တဲ့အတွက် ဒါတွေရှိကောင်းရှိနိုင်တယ်။ တပ်မတော်ဘက်ကလည်းဖြစ်ကောင်းဖြစ်မယ် ရန်သူဘက်ကလည်းဖြစ်ကောင်းဖြစ်မယ်။

ဒါကိုအချိန်ကိုက်အခွင့်ကောင်းယူပြီး တပ်မတော်ကိုနာမည်ဖျက်ဖို့ကြိုးစားနေကြတာဟာ ရွာသားတွေအတွက် ဘာကောင်းကျိုးမှဖြစ်လာမှာမဟုတ်တာသေချာပါတယ်။

KIAလည်းပြန်မေးကြပါအုံး။ သူတို့တပ်ဆွဲထားတဲ့ ထုံးဘိုတရွာလုံး ဘယ်တော့ပြန်ဝင်ရမှာလဲ။ အမှိုက်ပုံတရွာလုံး ဘယ်တော့ပြန်ဝင်ရမှာလဲ။တမြို့နယ်လုံးသုံးနေတဲ့ ယူမာလမ်းကို ဘာလို့ပိတ်ထားရတာလဲ။ ဗလခလမ်း ဘာလို့ဗုံးတွေ မွစာကြဲအောင် ထောင်ထားတာလဲ။ မှော်မောင်းကုန်းမှာ လူတွေမနေအောင် ဘာကြောင့်လုပ်နေတာလဲ။ မေးခွန်းထုတ်ကြပါလား။ မင်းတို့ပထွေးကိုကြ ဘာလို့အဲ့လောက်ကြောက်နေကြတာလဲ။

ခဏခဏပြောပါတယ်။ စစ်တပ်မကောင်းဘူးထင်ရင် ကင်းအောင်နေလိုက်။ KIAကိုကြိုက်တယ် ထောက်ခံတယ်ဆိုလည်း သူတို့အုပ်ချုပ်တဲ့အောက်သွားနေလိုက်။ အခုဟာကမဟုတ်ဘူး စစ်တပ်အုပ်ချုပ်တဲ့အောက်ကြ ဂေါ်နဲ့ကော်ထုတ်တောင်မထွက်ကြဘူး။ ပြီးရင်တပ်ကိုလိလိလားလားပြန်လုပ်။ အတင်းမနေခိုင်းဘူး။ နေမယ်ဆိုလည်း အေးဆေးနေကြ။ ခလောက်မဆန်ကြတာကောင်းတယ်။
Source:Hkun Naung
❤2
August 26, 2026 511 2