အခုလို ဒေါ်လာရှားပါး လို့ import ကန့်သတ် ၊ဒေါ်လာဈေးထိန်းချုပ် နေရတဲ့အချိန်မှာ EV ကားတွေသွင်းနေတာက ထူးဆန်းနေပါတယ်။ 2.0 engine ကားတစီး တနေ့ ၄ လီတာသုံးမှ တနှစ် သိန်း ၆၀ ခန့် ဒေါ်လာနဲ့ဆို ၁,၅၀၀ ခန့်ပဲကုန်ကျပါမယ်။ EV တစီးသွင်းရင် 30,000 ဒေါ်လာကျတယ်ဆိုရင် တောင် ၊အဲ့ငွေက အင်ဂျင် ကားတစီးအတွက် နှစ် ၂၀ စာလောင်စာဝယ်လို့ ရပါတယ်။
လောင်စာ ဆီက ဈေးကြီး/တက်တာသာဖြစ်ပြီးဝယ်မရတော့မဖြစ်နိုင်ပါဘူး။ ဒါအပြင် EV ကားတွေဝင်လာတာနဲ့ ဆီလိုအပ်မှု ကလည်း ပပျောက်မသွားနိုင်ပါဘူး။ သူက တကမ္ဘာလုံးစီးပွားရေးလည်ပတ်ဖို့ မရှိမဖြစ်ကုန်ပစ္စည်းပါ။ ဆီကိုလိုအပ်သလိုဝယ်သုံးနေရမှာပါ၊ဆီသွင်းရခက်ချိန်ဆီချွေတာဖို့တော့လိုအပ်ပါတယ်။ စီးပွားရေးထိခိုက်အောင်ထိ ချွေတာလို့တော့မရပါဘူး။
EV import ကြောင့်ဒေါ်လာကိုပိုရှားစေပါလိမ့်မယ်၊ အခုတောင် ဆေးဝါးပစ္စည်းတွေ import ကန့်သတ်လို့တော်တော်ရှားပါးနေပါပြီ။ ဆီဝယ်မရတော့မှာစိုးရိမ်လို့ ၊ EV ကားသုံးရင် လောင်စာဆီလျော့သွားပြီး ဒေါ်လာ အသုံးလျော့သွားဖို့ ဆိုပြီး အဲ့လိုပေါ်လစီသတ်မှတ်တယ်ဆိုရင်တော့ ပေါ်လစီ သတ်မှတ်သူတွေ သေချာ ပြန်လည် သုံးသပ်သင့်ပါတယ်။
source:min hope
August 30, 2026 71