စာအုပ်လင့်များ: post #8352 — TG.ME

ထွန်းအိန္ဒာဗိုလ်ကို အခုမှ ကော့မယ့်သာ ကော့နေကြတာနော်၊ တစ်ချိန်တုန်းက NLD မဲဆွယ်ပွဲမယ် "(ဦးသိန်းစိန်)အစိုးရကလုပ်ပေးတာတွေ ဘာကျေးဇူးမှတင်စရာမလိုဘူး" ဆိုပြီး ပေါ်တင်ကြီး $ဖောင်းထုပြီး ဒေါ်စုကို မဲဆွယ်ပေးခဲ့တာ...

ကိုယ်တွေလည်းဘာထူးလဲ။ တစ်ချိန်တုန်းက ဒေါ်စုအမာခံ၊ NLD ပါတီဝင်၊ ပါတီဝင်မှ ရိုးရိုးပါတီဝင်တောင်မဟုတ်ဘူး။ NLD ရပ်/ကျေး EC ကို လုပ်ခဲ့သေးတာ။ စည်ပင်ရွေးကောက်ပွဲမှာ အမတ်ဖြစ်သွားတဲ့သူက ရပ်ကွက် EC ရွေးပွဲမယ် ကိုယ့်ထက်တောင် မဲနည်းသေးတာ။

ဒေါ်စုကို လွှတ်ပေးပြီး ပထမဆုံးနိုင်ငံခြားခရီးစဉ်ကပြန်လာတုန်းကဆို လေဆိပ်မှာ အာဆီယံဝန်ကြီးတွေတန်းစီဓါတ်ပုံရိုက်ကြသလို လက်မောင်းခြင်းချိတ်ပြီး ဒေါ်စုလုံခြုံရေးအတွက် လူတန်းကြီးလုပ်ပေးခဲ့သေးတာ။

ကိုယ်တွေလဲ ပါတီဝင်အဖြစ်ကနှုတ်မထွက်ခဲ့ရင် (၅) နှစ်လောက် လွှတ်တော်အမတ် ဖြစ်ရင်ဖြစ်ပြီး ခုလောက်ဆို နိုင်ငံခြားရောက်ရင်ရောက်၊ ဒါမှမဟုတ်တောထဲမှာသူပုန်ဖြစ်ရင်ဖြစ်၊ လျှောရင်လဲ လျှောနေလောက်ပြီပေါ့...

လူတွေပြောင်းလဲတတ်ပုံများ ပြောပြတာပါ။ ကိုယ်အပါအဝင်ပေါ့...

ဒါပေမယ့်နိုင်ငံရေးနဲ့ပတ်သတ်ရင် စိုးမြတ်သူဇာတို့အုပ်စုကို သဘောအကျဆုံးပဲ...

NLD ဟုန်းဟုန်းတောက်နေတဲ့အချိန်မှာလည်း ဝင်မကပ်ဘူး။ အခွင့်အရေးလဲ မယူဘူး။ သူတို့အဖေက ဗိုလ်မှူးဘဝနဲ့အငြိမ်းစားယူတာလား မသိဘူး။ တပ်ကိုရန်သူလိုသဘောထားတဲ့ ဘယ်အဖွဲ့အစည်းနဲ့မှ ဝင်မရောဘူး။

တပ်ကရိုက်တဲ့ဇာတ်ကားဆိုရင်တော့ ကရင်မကြီးဆိုလဲရတယ်။ ကချင်မကြီးနေရာကဆိုလဲ လာထားပဲ...

ရပ်တည်ချက်တော့ ခိုင်မာတယ် ကြိုက်တယ်။

Source:Lin Nyi Nya
August 30, 2026 91