ဗိုလ်သင်တန်း ကျောင်းတွေမှာ...ဘွဲ့ရ ဗိုလ်လောင်းတွေ (O.T.S)တက်ရတဲ့အခါ...ဘွဲ့ရပြီးသားဖြစ်လို့...အတန်းစာတွေ မသင်ရတော့ပါဖူး..
မနက် ၄းဝဝ လောက်...Kit ခင်းပြီးချိန်ကစလို့..ည ၉းဝဝ Line down..မီးပိတ်ချိန် အထိ စစ်ပညာ ပဲ.. သင်ရပါတော့တယ်၊.အရပ်သား က လာသူတွေ ဖြစ်ပေမယ့်...၃ လ နီးပါး under training မိသွားရင်တော့...လမ်းလျှောက်တာ၊ လက်လွဲတာ...ခေါင်းမော့ရင်ကော့ထားတွေကအစ တူသွားကုန်ပါတယ်။
၁၆ နှစ်နဲ့ ဆယ်တန်းအောင်ပြီး..DSA.ကလေးတွေ၊.အလုပ်သင်ဗိုလ်လောင်း တက်လာတဲ့ ချာတိတ်တွေ..၊ စစ်သက်ရလို့ ဗိုလ်သင်တန်း ဖြေဆိုခွင့်ရပြီး..ဗိုလ်သင်တန်းကျောင်း ရောက်လာတဲ့ စစ်သားတွေ ထက်......လူရည်အလည် ဆုံးဟာ..ဘွဲ့ရဗိုလ်လောင်းတွေပါပဲ..😁
တက္ကသိုလ် ကျောင်းသားဘဝ က လာကြသူတွေမို့...၊ စစ်တပ်ရဲ့ ”တားမြစ်တာ နဲ့ တိုက်တွန်းတာ”နှစ်ခုကြားမှာ ဂယ်ပေါက်ရအောင်ရှာပြီး..သင်တန်းကျောင်းက ဆရာတွေ ရဲ့ မျက်ခုံးမွှေးပေါ်...Moon Walk လျှောက်နိုင်သူတွေပါ..
ဘယ်လိုဆိုဆို...ဘာကျောင်းဆင်းဆင်း...တိုင်းပြည်အတွက်...” ငါတို့သည်...နိုင်ငံတော်က ကျွေးသော ထမင်းကို စား၍...နိုင်ငံတော်ကို သစ္စာစောင့်သိရိုသေပါမည်၊ ငါ့နိုင်ငံတော်... ငါ့နိုင်ငံသား...ငါ့တပ်မတော်အတွက်..ငါ၏အသက်ကို စွန့်လွတ်ပါမည်ဟု.. အဓိဌာန် ပြုပါသည်”...လို့.. ထမင်းစားခါနီးတိုင်း.. ဆိုကြရစမြဲပါ။
ဗိုလ်လောင်းတိုင်းမက်တာ တနင်္ဂနွေ Outpass ပါ..၊ တနင်္လာ နေ့က စလို့ အမှတ်တွေ စဖြတ်ပါတယ်၊
”ခေါင်းရင်း တံခါးကျည်းဘောင်တွင် ဖုန်တွေ့..၊.အိပ်ယာပေါ်တွင် ယင်သေ တစ်ကောင်တွေ့၊ ယူနီဖောင်း လက်ကြယ်သီး တစ်လုံးကွဲနေ၊....နူတ်ခမ်းမွှေး ရိတ်မသေသပ်၊ နှာခေါင်းမွှေး..နှစ်ပင်ရှည်နေ..က.စလို့.....၊ ဦးထုပ်တံဆိပ် ကြယ်အချွန်နှင့်...ရင်ဘတ်ကြယ်သီး မတည့်၊....စတာတွေက နေ စစ်လိုက်၊ ရစ်လိုက်တာ...
ဘယ်လိုမှ စစ်ပုံကျနေတဲ့ အရာရှိလောင်းတစ်ယောက်ကို ဖြတ်ဖို့ အမှတ်ရှာမရတဲ့အခါ..
ဘယ်...ညာ...left..right.. ဇာတ်လမ်းစတာပါပဲခင်ဗျာ😁
ကန်တော့ပါရဲ့...
သင်တန်းဆရာ အရာရှိက...ဆတ်ကနဲ.. ဘောင်းဘီခွကြားကို...သူ့ ဒူး နဲ့ တိုက်ကြည့်ပြီး...ရေးသွားတာက...
” အနေအထား မမှန်...ညာဖက်ရောက်၊ ဖြတ်မှတ်..၅ မှတ်...ပါတဲ့”
စစ်တပ်မှာ အတော်များများ ဘယ်က စပါတယ်လို့😁😁😁
Source:Bo Aung
6August 22, 2026 235