လက်ရှိ ဟော့နေတဲ့ တာမွေ အမှိုက်ပုံက ၁၀ နှစ်ကျော် သက်တမ်း ရှိတယ်။ ခုတော့ တိုင်း အစိုးရကလည်း ကား ၆ စီး ပံ့ပိုးပေးသလို လူအင်အား အရလည်း ၇၀-၁၀၀ လောက် ပံ့ပိုးပေးထားပုံပဲ။
ဒီနေရာမှာ တချို့ပြောသလို စက်ယန္တရား ဝင်ဖို့လည်း ခက်နိုင်ပါတယ်။ တချို့က မြေညီထပ်မှာ နောက်ဘက်ကို ထပ်ခိုး ချဲ့ ကျူးထားသလို မိလ္လာပိုက်တွေကလည်း သတိထားဖို့ လိုပါသေးတယ်။ ဒါတွေက ယုန်လေး တို့လို Volunteer ထွက်လာလို့သာ ခုလို ဖြေရှင်းကြတာပါ။ မဟုတ်ရင် နောက်ထပ် ဆယ်စုနှစ်တခုအထိ ထပ်ကူး နိုင်ခြေရှိတယ်။
ဒီနေရာမှာ ယုန်လေး ပြောသလို အစိုးရက ကားတွေပံ့ပိုးပေးနေပေမယ့် လိုအပ်တဲ့ ဆီ ဖိုးနဲ့ ဝန်ထမ်းတွေ ပံ့ပိုးဖို့ အတွက် တိုက်ခန်းနေ ပြည်သူတွေက ပံ့ပိုးဖို့ လည်း လိုအပ်တယ်။ လက်ရှိချိန်မှာ စေတနာရှင်တွေက ဒံပေါက်တွေနဲ့ ဧည့်ခံပေးကြတယ် ဆိုပေမယ့် ဒါက အချိန်တိုင်း ရှိနေမယ်လို့ မျှော်လင့်လို့ မရဘူး။
၁၀ နှစ် ကျော်စာရှိနေတဲ့ အမှိုက်တွေရဲ့ အနံ့အသက်တွေနဲ့ မိလ္လာပိုက်တွေသာ ပေါက်နေခဲ့ရင် ဆိုတဲ့ အတွေးနဲ့တင် ကူပေးနေကြတဲ့သူတွေကို တိုက်ခန်းနေ ပြည်သူက ပါ ဝိုင်းဝန်း ကူညီကြရင် မြန်မြန်ပြီးပြတ်မယ့်သဘော ရှိတယ်။ ကိုယ်နေတဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် လုပ်ပေးနေကြသူတွေကို မဆိုင်သလို မနေဘဲ ဝိုင်းဝန်း ကူညီပေးကြရင်တော့ ၁ လကြာမယ့် လုပ်ငန်းစဉ်က ၁၅ ရက်လည်း ပြီးချင်ပြီးသွားနိုင်မယ်ပေါ့။ ပြောမယ်သာ ပြောရတာ။ နဂိုကတည်းက အသိစိတ်တွေ ရှိနေရင်လည်း ဒီလောက်ကြီးတဲ့ အမှိုက်ပုံက ဖြစ်လာစရာ မရှိပြန်ဘူး။
(နရီမိုး)
480
102
2
1
1August 30, 2026 5.4K 19 17

