-
နှစ်နိုင်ငံ သမ္မတတွေ ခရင်မ္မလင် နန်းတော်မှာ တွေ့ဆုံတဲ့အခါ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ကို
"наш дорогой друг" (ကျွန်ုပ်တို၏ ချစ်လှစွာသော သူငယ်ချင်း) လို သုံးနှုန်းသွားတာဟာ ရုရှား သံတမန်ရေးရာ စကားပြောဟန်မှာ ဒီအသုံးအနှုန်းဟာ အလွန်ရင်းနှီးပြီး မဟာဗျူဟာမြောက် ချစ်ကြည်ရင်းနှီးမှုကို ပြသလိုတဲ့အခါ သုံးလေ့ရှိတဲ့ ထိပ်တန်းအဆင့် လေးစားသမှုပြ သုံးနှုန်းမှုဖြစ်ပါတယ်။
သံတမန်ရေးရာ အဓိပ္ပာယ်သက်ရောက်မှုအနေနဲ့ကတော့ ပုံမှန် သံတမန်အခေါ်အဝေါ် ("Mr. President", "Excellency") များထက် ပိုမို ရင်းနှီး စိတ်ချရသော မဟာမိတ်ဖြစ်ကြောင်း ပြသခြင်းဖြစ်ပါတယ်။
နိုင်ငံတကာ အခင်းအကျင်းမှာ အချင်းချင်း အပြည့်အဝ ထောက်ခံရပ်တည်ကြောင်း သတင်းစကားပါးလိုသည့်အခါ အသုံးပြုလေ့ရှိပါတယ်။ ဒီလိုသံတမန် အသုံးအနှုန်းကို၂၀၂၃ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က ကျပတဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန် (Xi Jinping) နဲ့ မော်စကို ခရင်မ္မလင် နန်းတော်မှာ ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့က အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ (Narendra Modi) နဲ့ ၂၂ ကြိမ်မြောက် ရုရှား-အိန္ဒိယ ထိပ်သီးဆွေးနွေးပွဲနှင့် တရားဝင် စကားပြောဆိုမှုတွေမှာ သုံးနှုန်းခဲ့ဖူးပါတယ်။
တစ်နည်းအားဖြင့် အခုလို သုံးနှုန်းမှုဟာ ရုရှား-မြန်မာ ချစ်ကြည်ရင်းနှီးမှု၊ နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ အတိမ်အနက်နဲ့ မဟာဗျူဟာမြောက် နီးကပ်မှုကို တိုက်ရိုက် ဖော်ပြနေတာလည်း ဖြစ်ပါတယ်။















