လိင်တူ ချစ်တာ အပြစ်တစ်ခုတော့ မဟုတ်ဘူး။ ဒါပေမယ့် အစိုးရဘက်က… — နရီမိုး — TG.ME

လိင်တူ ချစ်တာ အပြစ်တစ်ခုတော့ မဟုတ်ဘူး။ ဒါပေမယ့် အစိုးရဘက်က ထုတ်ပြန်ထားတာကိုကတည်းက လူငယ်တွေရဲ့ တွေးခေါ်မျှော်မြင်မှုတွေ လမ်းလွဲသွားမှာ စိုးလို့ ကန့်သတ်ရတာလို့ ကြေညာထားတယ်။

ဒီထုတ်ပြန်ချက်အောက်မှာ ကန့်လန့်တိုက်ကြတဲ့ စာတွေလည်း တွေ့ပါတယ်။ အများစုက လူငယ်တွေပဲ။ ဟိုဟာတွေကြ တရားဝင်သလား၊ ဒီဟာတွေကြ လွှတ်ထားပေးတာလား ဆိုပြီး ငေါ့တူး တာတွေလည်း မြင်ရတယ်။ လိင်တူကြိုက်တာ၊ လိင်တူကြားထဲက ချစ်ခြင်း မေတ္တာကို သန့်သန့်လေး ရေးတာတွေ ကိစ္စ သိပ်မရှိပါဘူး။ ဒီစာအုပ်တွေက သန့်၏၊ မသန့်၏ က ဖတ်ဖူးသူတွေတော့ အသိဆုံး ဖြစ်မှာပေါ့။


သို့သော် ဒီစာတွေကို ဖတ်လိုက်ရမှ ၊ ဒါမှမဟုတ် ဒီစာတွေကို ဖတ်ဖို့ လှုံဆော်နေတဲ့ မိမိအသိစိတ်ဓာတ်တွေကိုလည်း သတိထား ဆင်ခြင်ဖို့တော့ ကောင်းတာပေါ့။ ဆရာတော် တပါး ဟောထားတာကို ပြန်ပြောင်း ပြောရရင် ....ဒါတွေက အယူလွဲမှားမှုတွေပဲ။ ခက်တာက ....ပြောင်းလာတဲ့ ခေတ်ရေစီးကြောင်းမှာ ဒါတွေ ပြောပြလည်း အရာဝင်ချင်မှ ဝင်လိမ့်မယ်။ နားဝင်မယ်လည်း မထင်ဘူး။

နောက်တစ်ခုက စပါးနှံ၊ စက်သွား၊ အရွယ်တူ ကြယ်ဖြူ ၁၄ လုံး ဆိုတဲ့ နိုင်ငံတော်အလံကို ဒီဘက်ခေတ် လူငယ်တွေ မသိကြတော့တာကလည်း အံ့အား သင့်စရာ ကောင်းတယ်။

ခေတ်တွေ တိုးတက်လာတယ်။ လူနေမှု အသုံးအဆောင်တွေ ဖွံ့ဖြိုးလာတယ် ဆိုပေမယ့်....မကောင်းတဲ့အရာတွေကျတော့ ရွေးသိ၊ အစိုးရက တွေးခေါ်မျှော်မြင်မှု မှားမှာ စိုးလို့ တားမြစ်ရတဲ့အပေါ်မှာ ကပ်ကပ်လန်အောင် ငေါ့တူးကြတဲ့ လူငယ်တွေက ....တချို့ မဖြစ်မနေ သိအပ်တဲ့ အရာတွေကြတော့ မသိပြန်တော့ဘူး။ လိင်တူ ချစ်တာ အပြစ်တော့ မဟုတ်ပါဘူး။ လမ်းမှားမှာ ဆိုးလို့ တားမြစ်ရသူတွေကို .....ပြန်ငေါ့တူးတာကမှ ရှက်စရာပါ။ ပိုဆိုးတာက ....မိမိနိုင်ငံတော်အလံတောင် မသိတဲ့ လူငယ်တွေ ဖြစ်နေကြတာကလည်း ပိုရှက်စရာ ကောင်းပါတယ်။



(နရီမိုး)
👍384❤65👏15🥴2😍2😐2👎1🤬1
August 31, 2026 5.8K 17 15