နရီမိုး: post #5856 — TG.ME

မနေ့က မူဆယ်အထွက်မှာရှိတဲ့ AA နဲ့ MNDAA ပူးပေါင်းဂိတ်မှာ ပစ်ခတ်မှု တစ်ခု ဖြစ်ခဲ့တယ်။ ထွက်ပေါ်လာတဲ့ သတင်း‌ တွေအရ ပစ်ခတ်ခံရတာက အမျိုးသမီး ဖြစ်‌နေခဲ့တယ်။

ဒါနဲ့ ပတ်သက်ပြီး ရွှေဖီမြေ သတင်း ပေခ်ျ့ရေးပုံက

" အမျိူသမီးက ဆေးကြောင်နေပုံ ရတယ်။ ဘန်ကာကို တိုက်ပြီး ရပ်မပေးလို့ ပစ်ခံရတာ" ဆိုတဲ့ ပုံစံမျိုး ၊ သေသွားတဲ့ အမျိုးသမီး တစ်ယောက်ကို လုံးဝ အပြစ်ပုံ ချ ရေးပစ်လိုက်တာ တွေ့ရတယ်။


ရှမ်းမြောက်က EAO ဂိတ်တွေ ဆိုတာက အခိုင်အမာ အဆောက်အအဦက များတယ်။ ဘယ်သူမှတော့ ပြည်ထောင်စု လမ်းမပေါ် စားပွဲခုံချပြီး ဂိတ်ကြေး တက်တောင်းမယ် မထင်ဘူး။ ခု ပစ်ခတ်ခံရတဲ့ အမျိုးသမီးက ကြောက်အားလန့်အားနဲ့ မောင်းပြေးတာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်။ ဘယ်သူကမှတော့ တပ်ပေါင်းစုံ ဂိတ်တစ်ခုကို လက်နက်မပါဘဲ၊ ကားချည်း သပ်သပ်နဲ့တော့ ပြေးတိုက်မယ် မထင်ဘူး။ နောက်....ဒီနိုင်ငံက အသေခံ ဗုံးခွဲတတ်တဲ့ ယဉ်ကျေးမှုလည်း အဲလောက်မထွန်းကားဘူး။

ဒီနေရာမှာ စဉ်းစားကြည့်မိတာက....တကယ်လို့များ ဒီဂိတ်က တပ်မတော် စခန်း ဖြစ်နေခဲ့ရင်....ဘယ်လို များ ရေးကြမလဲပေါ့။ မဆီမဆိုင် မြစ်ကြီးနား ဗလ မင်းထင် တံတားဂိတ်က ဖြစ်စဉ်လေး ပြန်သတိရမိတယ်။ ခု ဒီသတင်းနဲ့ပတ်သက်ပြီး နိုင်ငံတကာတွေရော၊ လူ့အခွင့်အရေး သမားတွေရော၊ အမျိုးသမီး သမဂ္ဂတွေရော ကြေညာချက် ထုတ်တာ မမြင်ရဘူး။

ခု ရွှေဖီမြေ ရေးတဲ့ ပုံစံကတော့ ....ဆေးကြောင်ပြီး ဂိတ်ကို တိုက်တယ်။ လုံခြုံရေး အရ ပစ်သတ်လိုက်ရတယ်။ ဒါပဲ။ ဘယ်သူကမှလည်း AA နဲ့ MNDAA အပေါ် တရားဥပဒေ ရှုထောင့်တွေ၊ လူ့အခွင့်အရေးတွေ၊ အားနွှဲ့တဲ့ အမျိုးသမီးကို ဒီလို စည်းကမ်းမဲ့ ပစ်သတ်ရသလဲ ဆိုတဲ့ မေးခွန်းတွေ ထုတ်တာ မတွေ့ရဘူး။ ပစ်သတ်ခံရတဲ့ သူတောင် ဆေးကြောင်လို့ ဆိုတဲ့ ယူဆချက် တစ်ခုတည်းနဲ့ အမှုတည်ဆောက် ရေးပြစ်လိုက်ကြတယ်။ တကယ့်ကို ထူးဆန်းလွန်းတဲ့ ဖြစ်ရပ်ပဲ။



(နရီမိုး)
👍382❤58😢31🤔5👎2🥴2🤬1😍1
August 30, 2026 7.7K 25 22