နရီမိုး: post #5855 — TG.ME

Digital Smart Meter Website လျှောက်ထားမှုစနစ်ကို ပြောင်းလဲနိုင်ကတည်းက ဒါက လျှပ်စစ်ဝန်ကြီး ဌာနအတွက် Digital Transformation အပိုင်းမှာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်လို့ ပြောလို့ ‌ရနေပြီ။


ထုတ်ပြန်ချက်ကိုကြည့်ရင် ....နှစ်ပတ်အတွင်း လျှောက်ထားမှုက ၉,၆၈၆ စောင် ရရှိခဲ့တယ် ဆိုတဲ့ ကိန်းဂဏန်းက ပြည်သူတွေရဲ့ စိတ်ဝင်စားမှု အမြင့်ဆုံး ရှိနေတာ ဖော်ပြ‌နေတာလည်း တွေ့ရလိမ့်မယ်။ ထူးခြားချက်က အချက်အလက်ပြည့်စုံရင် ၂၇ နာရီအတွင်း မီတာစတင်တပ်ဆင်နိုင်တယ်လို့ ဆိုထားတာကတော့ အစိုးရဝန်ဆောင်မှုအပိုင်းက လုပ်ငန်းစဉ်မြန်ဆန်လာတဲ့ သဘောလို့ ယူဆမိတယ်။ အချိန်အားဖြင့် ၂ ရက်တောင်မကြာဘူး လို့ ဆိုနိုင်တဲ့သဘောပဲ။


စောင်ရေ ၁၀၀၀၀ နီးပါးထဲက ၂,၄၈၂ စောင် (၂၅.၆%)က လိုအပ်တဲ့ အချက်အလက် မပြည့်စုံလို့ ပြန်ပို့ထားသလို ပြည့်စုံတဲ့ လျှောက်ထားမှု ၇,၂၀၄ စောင် ထဲက ၁,၃၃၁ လုံး (၁၈.၅%) ကိုတော့ တပ်ဆင်ပြီးစီးခဲ့ပြီလို့ ကြေညာထားတယ်။ တခု သတ်ထားရမှာက အချက်အလက် မပြည့်စုံတာက ဘာအကြောင်းတရားတွေ ရှိနေသလဲ ဆိုတာမျိုး Re check ပြန်လုပ်သင့်တယ်။

တရားဝင် ထုတ်ပြန်ချက်တွေအရတော့ အွန်လိုင်း ပွဲစား စနစ်ကို လက်သင့်မခံတာမျိုး မြင်ရတာမို့ တခြား ဘယ်လို အခက်အခဲတွေ ရှိနေနိုင်သလဲ ဆိုတာ Counter check လုပ်နိုင်ရင်....ပြဿနာတွေ ဖြေရှင်းနိုင်လိမ့်မယ်လို့ ယူဆမိတယ်။ ဘယ်လိုပဲဖြစ်ဖြစ်....ပြည်သူနဲ့ ထိတွေ့ရတဲ့ ဝန်ကြီးဌာနတစ်ခုကို Digital Transformation စ လုပ်ဖို့ ကြိုးစားတာကိုက ဝမ်းပမ်းတသာ ကြိုဆိုရမယ့် ကိစ္စပဲ။ ဒါကို တခြား ဝန်ကြီးဌာနတွေလည်း နမူနာ ယူသင့်တယ်။



(နရီမိုး)
👍299❤44🥴2👎1😘1
August 30, 2026 5.8K 2 14