ကုသိုလ်ထဲမှာ အကောင်းဆုံးကုသိုလ်က ဘာကုသိုလ်လဲလို့ တစ်စုံတစ်ယောက်က… — နရီမိုး — TG.ME

ကုသိုလ်ထဲမှာ အကောင်းဆုံးကုသိုလ်က ဘာကုသိုလ်လဲလို့ တစ်စုံတစ်ယောက်က မေးလာလို့ရှိရင် အဖြေထုတ်ရမှာတော့ “ဝိပဿနာကုသိုလ်”ဟာ အကောင်းဆုံးပဲ။ လုပ်နိုင်တာ မလုပ်နိုင်တာ အသာထား။ အကောင်းဆုံးဆိုတာတော့ သိရမှာပေါ့။

လူတွေဝတ်ဆင်နေကြတဲ့ ရတနာပစ္စည်းတွေထဲမယ် ဘယ်ရတနာဟာ တန်ဖိုးအရှိဆုံးလဲဆိုတာ လူတွေ သိကြတယ်။ ဝတ်ဆင်နိုင်တာ မဝတ်ဆင်နိုင်တာ အသာထား၊ ဘယ်ရတနာဟာ တန်ဖိုးအကြီးမားဆုံးဆိုတာတော့ သိကြတာပဲ မဟုတ်လား။

အဲဒါမျိုးလိုပဲ မြတ်စွာဘုရားသာသနာတော်နဲ့ ကြုံတွေ့တဲ့အချိန်မှာ အကောင်းဆုံးကုသိုလ်အလုပ်ဟာ ဒါန ကုသိုလ်လား၊ သီလ ကုသိုလ်လား၊ သမထ ကုသိုလ်လားလို့ မေးလို့ရှိရင်။ မဟုတ်ဘူး။ ဝိပဿနာကုသိုလ်ဟာ အကောင်းဆုံးအလုပ်လို့။

အကောင်းဆုံးလို့ပြောသဖြင့် ကျန်တဲ့ အလုပ်တွေ မလုပ်ရဘူးမဟုတ်ဘူး။ လုပ်ရမှာတွေချည်းပဲ။

လောကလူတွေဟာ ကောင်းသထက်ကောင်းတာ ရှာနေကြတဲ့အခါ တရားဓမ္မနဲ့ ပတ်သက်လာလို့ရှိရင်လည်း ကောင်းသထက် ကောင်းတာ ရှာရမှာပဲ။ နော်။ စီးပွားလုပ်ပြီဆိုတဲ့အခါလည်း အကျိုးအမြတ်များသထက် များတာလိုက်ပြီး ရှာကြရတယ်။

အဲဒါလိုပဲ ဘုရားသာသနာတော်နဲ့ ကြုံတွေ့တဲ့အခါ ဒါနကုသိုလ်လေးနဲ့တင် ကျေနပ်မနေနဲ့ဦး။ သီလကုသိုလ်လေးနဲ့လည်း ကျေနပ်မနေနဲ့ဦး။ ကျေနပ်မနေနဲ့ဆိုတာ ဒါန၊ သီလ ပြည့်စုံပြီးတဲ့နောက် ဆက်လုပ်ဦးလို့ ဆိုလိုတာ။ နော်။

ဒါနကို ပစ်ပယ်ရမှာ ပြောတာ မဟုတ်ဘူး။

သီလကို ပစ်ပယ်ရမှာ ပြောတာ မဟုတ်ဘူး။

ကိုယ့်မှာ ဒါနကုသိုလ်တွေ ရပြီ၊ သီလကုသိုလ်တွေ ရပြီ၊ သမထကုသိုလ်တွေရပြီဆိုလို့ရှိရင် အကောင်းဆုံးကုသိုလ်တော့ မရသေးဘူးလို့ပြောရမှာ။ ကုသိုလ်တော့ ရပြီး အကောင်းဆုံးကုသိုလ်ကို မရသေးဘူး။

အကောင်းဆုံးကုသိုလ်က ဘာလဲဆိုရင် “ဝိပဿနာကုသိုလ်”ပဲ။

- ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ -
🙏384❤39👍6😍1
August 29, 2026 5.9K 8 31