ယူကရိန်းမြို့တော်ရှိခဲယမ်းဂိုဒေါင်တိုက်ခိုက်ခံရ NOM… — News Of Myanmar — TG.ME

ယူကရိန်းမြို့တော်ရှိခဲယမ်းဂိုဒေါင်တိုက်ခိုက်ခံရ
NOM

ယူကရိန်းမြို့တော်ကိယက်ဗ်အနီးရှိ ခဲယမ်းဂိုဒေါင်သည် ရုရှား၏တိုက်ခိုက်မှုကြောင့်ပေါက်ကွဲမှုများဖြစ်ပွါးခဲ့ကါလူနေရပ်ကွက်တစ်ခုတွင် တည်ရှိကြောင်း ယူကရိန်းသမ္မတလင်စကီးက ဝန်ခံလိုက်သည်။
ဘူချာခရိုင်ရှိ ခဲယမ်းဂိုဒေါင်ကို တိုက်ခိုက်မှုအပြီးတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ရုရှားတပ်ဖွဲ့များသည် ကိယက်ဗ်ဒေသ၊ မီလာရွာရှိ Fire Point ပိုင် ခဲယမ်းဂိုဒေါင်တစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ဇူလိုင်လတွင် ရုရှားတပ်ဖွဲ့များသည် ယူကရိန်းက အထပ်မြင့်လူနေအဆောက်အအုံများအနီးတွင် ထားရှိခဲ့သော ဒီနီပရိုပီထရော့ဗ်ဒေသရှိ ခဲယမ်းဂိုဒေါင်တစ်ခုကို တိုက်ခိုက်ခဲ့သည်။ အလားတူဖြစ်ရပ်တစ်ခုသည် ကိယက်ဗ်အနီးရှိ ဗစ်ရှ်နီဗိုယီတွင် လည်းဖြစ်ပွားခဲ့သည်။
👍6❤1
August 31, 2026 543 1