လေးမျက်နှာမြို့နယ်၌ ရေများပြန်လည်ကျဆင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၂)ခုပိတ်သိမ်း ရေဘေးသင့်ခဲ့သူများ ၎င်းတို့၏နေအိမ်များတွင်ပြန်လည်နေထိုင်ကြ
NOM၊ဩဂုတ်၃၁၊၂၀၂၆
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ရေများပြန်လည်ကျဆင်းလာသဖြင့် သြဂုတ် ၃၀ ရက်နံနက်ပိုင်းက ကညင်သောင်အုပ်စု၊ နဂျီကုန်းဘုန်းတော်ကြီးကျောင်းနှင့် ကုန်းကြီးဘုန်းတော်ကြီးကျောင်းတို့တွင်ဖွင့်လှစ်ထားသော ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂)ခုကိုပိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါယာယီရေဘေးကယ်ဆယ်ရေးစခန်း(၂)ခုမှ ရေဘေးသင့်ခဲ့သူ(၁၃၄)ဦးသည် ကျေးရွာရှိ ၎င်းတို့၏ နေအိမ်များသို့ ယနေ့နံနက် ၌သူတို့အိမ်များသို့ပြန်လည်ပြောင်းရွှေ့သွားသည်။
ရေများပြန်လည်ကျဆင်းသွားသည့် အမှတ်(၅) ရပ်ကွက်ရှိအ.မ.က( မြစ်ကျိုး) ကျောင်းအား ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များက နုန်းနှင့်အမှိုက်သရိုက်များရှင်းလင်းခြင်း၊ စာသင်ဆောင်များ အတွင်း/အပြင် ရေဆေးခြင်း၊ ကျောင်းပတ်ဝန်းကျင်ရေစီးရေလာကောင်းမွန်ရေးတို့ကိုပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

7
3August 31, 2026 581 1