အချုပ်အားဖြင့်ဆိုရသော် ဖလမ်းခရိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲနှင့်… — News Of Myanmar — TG.ME

News Of Myanmarချင်းပြည်နယ်အတွင်း ဖလမ်းမြို့နှင့် တွန်းဇံမြို့တို့တွင် မြန်မာ့စီးပွားရေးဘဏ်ခွဲများ ပြန်လည်ဖွင့်လှစ်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအတွက် ငွေကြေးကဏ္ဍ၏အရေးပါမှု ဒေသတစ်ခု၏ စီးပွားရေးနှင့် လူမှုဘဝပြန်လည်ဦးမော့လာစေရန်အတွက် ခိုင်မာသည့်ငွေကြေးနှင့်…
အချုပ်အားဖြင့်ဆိုရသော် ဖလမ်းခရိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲနှင့် တွန်းဇံမြို့နယ် မြန်မာ့စီးပွား ရေးဘဏ်ခွဲများကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းက ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးကို ပြသ ရာရောက်သည့်အပြင် ဖလမ်းမြို့နယ်နှင့် တွန်းဇံမြို့နယ်တို့မှ ဒေသခံပြည်သူတို့၏ စီးပွားရေးနှင့် လူမှု ဘဝ ပြန်လည်စတင်နိုင်ရေးအတွက် ဝမ်းမြောက်ဖွယ်ရာ မင်္ဂလာသတင်းတစ်ရပ်လည်း ဖြစ်ပါသည်။

အစိုးရ၏ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးမဏ္ဍိုင် ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်သည် ဖလမ်းဒေသ နှင့် တွန်းဇံဒေသ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ငွေကြေးဆိုင်ရာဝန်ဆောင်မှု များကို နိုင်ငံတော်ပိုင်ဘဏ်ဖြစ်သော မြန်မာ့စီးပွားရေးဘဏ်မှ သစ္စာရှိစွာဖြင့်၊ တာဝန်သိစွာဖြင့် အကောင်းဆုံး ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဂုဏ်ယူစွာဖြင့် အသိပေးတင်ပြလိုက်ရပါသည်။
👍4
August 31, 2026 479