ရွှေကူမြို့နယ်၊ အမှတ် (၂) ရပ်ကွက်သို့ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF… — News Of Myanmar — TG.ME

ရွှေကူမြို့နယ်၊ အမှတ် (၂) ရပ်ကွက်သို့ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရ

NOM ဩဂုတ် ၃၁၊ ၂၀၂၆

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ဩဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် သေဆုံး/ ဒဏ်ရာရရှိသူများရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် ရွှေကူမြို့နယ်၊ အမှတ် (၂) ရပ်ကွက်သို့ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ကအများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်ခဲ့ရာ အဆိုပါရပ်ကွက်ရှိ သင်္ဘောဆိပ် အနီးသို့ ရှော့တိုက်ဒုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ၎င်းနေရာ၌ အလုပ်လုပ်ကိုင်နေကြ သော အမှတ် (၂) ရပ်ကွက်နေသူများဖြစ်ကြသည့် ဦးနွေဦးကိုကို (၃၀) နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မလပြည့်ဝန်း (၁၈) နှစ်၊ ကိုဂျွန်ကိုဇော် (၂၁) နှစ်နှင့် အမှတ် (၄) ရပ်ကွက်နေသူများဖြစ်ကြသည့် ကိုအောင်ပြည့်စုံ (၂၁) နှစ်၊ ကိုလှိုင်ဝင်းအောင် (၂၂) နှစ်၊ ဦးနေလင်းထွန်း (၃၀) နှစ်၊ ဦးမြင့်ဆွေ (ခ) အောင်ကြီး (၄၂) နှစ်တို့ခြောက်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

NOM
August 31, 2026 207