ရထားပြေးဆွဲမှု ယာယီရပ်နား ခဲ့ရသည့် ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/အဆန် ရထားခရီးစဉ်အား လာမည့် စနေနေ့မှစ၍ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲပေးသွားမည်
NOM၊ဩဂုတ် ၃၁၊၂၀၂၆
နောင်ချိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောင်ချို-ဂုတ်ထိပ် ရထားလမ်းပိုင်း ရေကျော်နှစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ယခုအခါ လမ်းပိုင်းပြုပြင်ပြီးစီးပြီဖြစ်၍ ရထားပြေးဆွဲမှု ယာယီရပ်နားခဲ့ရသည့် ပြင်ဦးလွင်-ဂုတ်ထိပ် အစုန်/အဆန် ရထားခရီးစဉ်အား လာမည့် စနေနေ့မှစ၍ အပတ်စဉ် ပုံမှန်ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ယနေ့ နံနက်ပိုင်းတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ပြင်ဦးလွင်ဘူတာမှ ဂုတ်ထိပ်ဘူတာသို့ RBE ရထားဖြင့် လိုက်ပါစီးနင်းပြီး ပြင်ဦးလွင်-ဂုတ်ထိပ် ရထားလမ်းပိုင်းအတွင်း ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များကိုမှာကြားခဲ့ကြောင်းသိရသည်။

8August 31, 2026 288 1