ရွှေကူမြို့နယ်၊ အမှတ် (၂) ရပ်ကွက်အတွင်းသို့ KIA… — News Of Myanmar — TG.ME

ရွှေကူမြို့နယ်၊ အမှတ် (၂) ရပ်ကွက်အတွင်းသို့ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အခြေခံပညာအလယ်တန်းကျောင်း (ခုံခမ်း) မှ စာရေးတစ်ဦးသေဆုံးပြီး ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူနှစ်ဦးဒဏ်ရာရ

NOM ဩဂုတ် ၃၀၊ ၂၀၂၆

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ အမှတ် (၂) ရပ်ကွက်အတွင်းသို့ ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်၌ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ရပ်ကွက်အတွင်း လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ မှုကြောင့် အဆိုပါရပ်ကွက်နေသူများဖြစ်ကြသည့် အခြေခံပညာအလယ်တန်းကျောင်း (ခုံခမ်း) မှ စာရေး (၁) ဖြစ်သူ ဒေါ်သက်မွန်စိုး (၄၀) နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံး သွားခဲ့ပြီး ၎င်းသားဖြစ်သူ မောင်စိုင်းမင်းထက် (၃) နှစ်နှင့် ဦးဇော်နိုင် (၄၂) နှစ်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ သေဆုံး/ ဒဏ်ရာရရှိသူများအား ရွှေကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။

NOM
😢4😡1
August 30, 2026 439 4