ဝါရာဇွပ်အဖွဲ့ကလည်း ၎င်း videoဖိုင်နဲ့ပတ်သက်ပြီးဖြေရှင်းချက်ထုတ်လာတာကို တွေ့ရပါတယ်။
တကယ်က ဒီVideo ဖိုင်ကြည့်ပြီး ဒီလိုလူမဆန်သတ်ဖြတ်မှုပေါင်းများစွာကို ဘယ်သူတွေက လုပ်လေ့လုပ်ထရှိတာ ဘယ်သူလုပ်တာဆိုတာ အကြမ်းဖက်အားပေးသူတွေကအစ သိပါတယ်။ဝါဒဖြန့်ဖို့ဆိုတဲ့စိတ်နဲ့ အမှားကိုအမှန်လုပ်လုပ်ပြီး တင်နေကြတာပါ။သူတို့ကိုယ်တိုင်သိပါတယ်။
အညာဒေသမှာ Pdfတွေရဲ့ ရက်ရက်စက်စက် လည်လှီးသတ်ဖြတ်ခဲ့တဲ့ Video ပေါင်းများစွာ မှတ်တမ်းတွေရှိပါတယ်။
၂၀၂၁ NLD ရဲ့ နိုင်ငံ့အာဏာကို မရုိးသားစွာရယူမှုခြင်းကို တပ်မတော်မှခေတ္တအာဏာထိမ်းပြီး နိုင်ငံကိုကာကွယ်ခဲ့ရပါတယ်။
၎င်းဖြစ်စဥ်နှင့်အတူ အာဏာလက်လွှတ်လိုက်ရတဲ့ NLD ပါတီထောက်ခံသူများစွာဟာ တပ်မတော်ထောက်ခံသူပြည်သူများစွာကို မိသားစုအလိုက် သတ်ဖြတ်ကာဥပဒေမဲ့ပြစ်မှုများစွာကိုကျူးလွန်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းအတွင်း CDM မဝင်သော ဆရာမလေးများ၊ထွေအုပ်ဝန်ထမ်းများမှ မိန်းကလေးငယ်များ၊သူနာပြုမလေးများစွာကို သတ်တာတောင်ရိုးရိုးမသတ်ပဲ အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တာတွေ၊ကျူပင်ခုတ်ကျူငုတ်မကျန်ဆိုပြီး ကလေးကအစမကျန်ရှင်းပစ်ခဲ့တာတွေက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအဆိုးဆုံးပါပဲ။
ပညာရေးဝန်ထမ်းများစွာ၊ထွေအုပ်ဝန်ထမ်းများစွာဟာ အသတ်မခံရခင်အချိန်မှာ ကိုယ့်ကျင်းကို တူးပေးခဲ့ရပြီး၊ငရဲထက်ဆိုးတဲ့ ဒုက္ခတွေကို ခံစားသွားခဲ့ရပါတယ်။
ဒါကတကယ့်ဖြစ်ရပ် အဖြစ်အမှန်တွေပါပဲ။
ခုချိန်မှာ အစိုးရက CDM ဝန်ထမ်းတွေကို Blacklist ဖြေလျော့ပေးပြီး လူသတ်ခဲ့တဲ့၊နိုင်ငံဖျက်ခဲ့ကြတဲ့ Pdf တွေကို အလင်းဝင်ဖို့ ဖိတ်ခေါ်လျှက်ရှိပါတယ်။ဒါတွေကို နိုင်ငံအကြီးအကဲရဲ့စေတနာနဲ့မေတ္တာကြီးမှုပဲလို့ မှတ်ယူရင်း ခင်ဗျားတို့ရဲ့ဆုံးရှုံးမှု၊စိတ်ခံစားချက်တွေကို ဖြေသိမ့်လို့ရပါတယ်။ဖြေသိမ့်နိုင်ရင်ပေါ့။
အစွန်းရောက် NlD ပါတီဝင်တွေရဲ့ နိုင်ငံတော်ကိုပုန်ကန်ပြီး သတ်ဖြတ်မှုတွေကြောင့် သစ္စာရှိဝန်ထမ်းများစွာ၊သစ္စာရှိပြည်သူများစွာ အသတ်ခံခဲ့ကြရပါတယ်။ဒီသတ်ဖြတ်မှုတွေဟာ NLD ပါတီထောက်ခံသူတွေက စခဲ့ကြတာဆိုတာကို မမေ့ဖို့လိုပါတယ်။Pdf တွေဆိုတာဟာလည်း NLD ပါတီထောက်ခံသူ ကျွန်စိတ်ရှိသူတွေချည်းပါပဲ။
ဒီနိုင်ငံရေးအခင်းအကျင်းမှာ တပ်မတော်သားများစွာ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ပြည်သူ့စစ်များစွာ နိုင်ငံတော်အတွက်အသက်ပေးခဲ့ကြရပါတယ်။
ဒါကိုမမေ့ကြဖို့လိုပါတယ်။
နိုင်ငံရေးအရဘယ်လိုပဲသွားသွား မိမိတို့ဘက်ကပေးဆပ်ခဲ့ရတဲ့အသက်တွေကို မမေ့ဖို့လိုအပ်ပါတယ်။ကျခဲ့ရတဲ့သွေးစက်တွေ၊မိသားစုဝင်တွေရဲ့ မျက်ရည်တွေကို မမေ့ဖို့ လိုအပ်ပါတယ်။
နိုင်ငံတော်သမ္မတကြီးနဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ အညာဒေသကိုပစ်မထားဖို့တင်ပြချင်ပါတယ်။
အညာဒေသရှိ တပ်မတော်ချစ်ပြည်သူတွေ ပေးဆပ်ခဲ့ရတဲ့ ပြန်မရနိုင်တော့တဲ့အသက်ပေါင်းများစွာအတွက် ပြတ်သားတဲ့နယ်မြေရှင်းလင်းမှုမျိုး အမြန်လုပ်ဆောင်ဖို့လိုအပ်နေပြီဆိုတဲ့အကြောင်း တင်ပြအပ်ပါတယ်။
ယောသား (ကျွန်းလှမီးအိမ်ရှင်)




















