Japanese Learner တွေ သိထားသင့်တဲ့ အချက် 3 ခု ဂျပန်စာလေ့လာနေရင်း… — ⛩Japanese Self Study by Akiyama 秋山学生 — TG.ME

Japanese Learner တွေ သိထားသင့်တဲ့ အချက် 3 ခု

ဂျပန်စာလေ့လာနေရင်း Grammar မှန်ပေမယ့် လူရှေ့မှာပြောလိုက်ရင် weird ဖြစ်သွားတာမျိုး ကြုံဖူးလား?

ဒီ ၃ ခုကိုတော့ မှတ်ထားပါ👇

① 「大丈夫です」 = အဆင်ပြေပါတယ်… ဒါပေမယ့် ဘာကိုဆိုလိုတာလဲ? 🤨

大丈夫です。
(Daijoubu desu.)

အဓိပ္ပာယ်က “အဆင်ပြေပါတယ်” လို့ သိထားကြပေမယ့် context ပေါ်မူတည်ပြီး—

👉 “မလိုပါဘူး”
👉 “မယူတော့ပါဘူး”
👉 “အဆင်ပြေပါတယ်”
👉 “မဖြစ်ပါဘူး”

ဆိုပြီး အဓိပ္ပာယ်ပြောင်းနိုင်ပါတယ်။

ဥပမာ—

店員:袋、いりますか?
👉 အိတ်လိုပါသလား?

You:大丈夫です。

ဒီနေရာမှာ “အဆင်ပြေပါတယ်” လို့ မဟုတ်ဘဲ
👉 “မလိုပါဘူး” ဆိုတဲ့သဘောပါ။

ဒါကြောင့် Japanese learner တစ်ယောက်အနေနဲ့
大丈夫 = အဆင်ပြေတယ် လို့ တစ်မျိုးတည်းမှတ်ထားရင် မလုံလောက်ပါဘူး။

---

② 「ちょっと…」 = “နည်းနည်း…” ဆိုတာ တကယ် “နည်းနည်း” မဟုတ်နိုင်ဘူး

Japanese လူတစ်ယောက်က—

ちょっと……

လို့ပြောပြီး နောက်မှာ ဘာမှမပြောတော့ရင်…

“နည်းနည်းပဲ” လို့ မထင်လိုက်နဲ့။

တစ်ခါတလေ
👉 “မလုပ်ချင်ဘူး / မဖြစ်ဘူး / ငြင်းပါတယ်” ဆိုတဲ့ polite way ဖြစ်ပါတယ်။

ဥပမာ—

A:明日、一緒に行きませんか?
👉 မနက်ဖြန် အတူတူသွားမလား?

B:明日はちょっと……。

ဒီမှာ B က
“မနက်ဖြန် နည်းနည်း…” လို့ ပြောနေတာမဟုတ်ပါဘူး

အဓိပ္ပာယ်က—

👉 “မနက်ဖြန်တော့ မဖြစ်ဘူးထင်တယ်…” ဆိုတဲ့သဘောပါ။

📌 Japanese မှာ တစ်ခါတလေ စကားမဆုံးတာကပဲ အဖြေဖြစ်နေတတ်ပါတယ်။

---

③ 「すみません」 = “တောင်းပန်ပါတယ်” တစ်ခုတည်းမဟုတ်ဘူး

すみません。

ဆိုတာကို “တောင်းပန်ပါတယ်” လို့ပဲ မှတ်ထားရင် တစ်ဝက်ပဲမှန်ပါတယ်။

Context ပေါ်မူတည်ပြီး—

👉 တောင်းပန်ပါတယ်
👉 ကျေးဇူးတင်ပါတယ်
👉 တစ်ယောက်ယောက်ရဲ့ အာရုံစိုက်မှုကို ခေါ်တာ
👉 အကူအညီတောင်းတာ

အဖြစ်လည်း သုံးပါတယ်။

ဥပမာ ဘတ်စ်ကားပေါ်မှာ တစ်ယောက်က ကိုယ့်အတွက် ထိုင်ခုံဖယ်ပေးလိုက်ရင်—

すみません。

လို့ပြောနိုင်ပါတယ်။

ဒီနေရာမှာ
“တောင်းပန်ပါတယ်” ဆိုတာထက်
👉 “ကျေးဇူးတင်ပါတယ် / အားနာပါတယ်” ဆိုတဲ့ feeling ပိုနီးပါတယ်။

YouTube channel နဲ့ မင်မင်တို့ရဲ့ application လေးမှာလဲ လေ့လာစရာတွေတင်ပေးထားတာမို့ အားလုံး အဆင်ပြေကြပါစေနော်🫶
❤36👏1
August 25, 2026 2.2K 7