🇯🇵 「〜ようにする」နဲ့「〜ようになる」 ဘာကွာလဲ?
ဒီ Grammar နှစ်ခုက စာမေးပွဲမှာလည်း တွေ့ရတတ်ပြီး Japanese conversation မှာလည်း အသုံးများပါတယ်။
အဓိပ္ပာယ်နီးစပ်ပေမယ့် Subject နဲ့ အခြေအနေကွာပါတယ်။
① ~ようにする
👉 ကိုယ်တိုင် ကြိုးစားပြီး လုပ်အောင်လုပ်တယ်
毎日、日本語を勉強するようにしています。
(Mainichi, Nihongo o benkyou suru you ni shiteimasu.)
👉 နေ့တိုင်း ဂျပန်စာလေ့လာဖြစ်အောင် ကြိုးစားနေပါတယ်။
📌 ကိုယ်တိုင် ဆုံးဖြတ်ပြီး အလေ့အကျင့်လုပ်နေခြင်း ဖြစ်ပါတယ်။
---
② ~ようになる
👉 အခြေအနေပြောင်းလဲလာပြီး လုပ်နိုင်လာတယ် / ဖြစ်လာတယ်
日本語が話せるようになりました。
(Nihongo ga hanaseru you ni narimashita.)
👉 ဂျပန်စကား ပြောနိုင်လာပြီ။
ဒီမှာ ကိုယ်တိုင် “ပြောအောင်လုပ်တယ်” ဆိုတာထက်
လေ့လာလာရင်းနဲ့ အရင်ကမလုပ်နိုင်တာကို လုပ်နိုင်လာတာ ကို ပြောတာပါ။
YouTube channel မှာလဲ goiတွေနဲ့ old question တစ်ချို့သွားလေ့လာနိုင်ပါတယ်နော်

22August 23, 2026 2.5K 1 8